Monday, June 17, 2013

ကျောင်းချိန်အတွင်း ယာဉ်ထိန်းရဲ ထားရှိပေးစေလို (ပေးစာ )

မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ အထက (၄) ကျောင်းအနီးရှိ ကွက်သစ်လမ်းဆုံသည် မြို့အလယ်တွင် ရှိသည့် လမ်းလေးဆုံ ဖြစ်သည့်နှင့် အညီ ယာဉ်အသွားအလာ ရှုပ်ထွေးပြီး ကုန်တင်ယာဉ်များ၊ အိမ်စီးကားများ၊ မော်တော်ဆိုင်ကယ်များသည် အရှိန်ပြင်းစွာ မောင်းနှင် သွားလာနေသည့် အတွက်  ကျောင်းတက် ကျောင်းဆင်း ချိန်များတွင် ကျောင်းသူ ကျောင်းသားများအတွက် ယာဉ်တိုက်မှု အန္တရာယ်များ ဖြစ်ပေါ်မည်ကို စိုးရိမ်နေရပါသည်။

ကျောင်းသူ ကျောင်းသားများ ကျောင်းတက်/ဆင်းချိန်များတွင် အနီးရှိ မော်တော်ဆိုင်ကယ် တက္ကစီဂိတ်များမှ ယာဉ်မောင်းများက လူမှုရေး စိတ် အပြည့်အ၀ဖြင့် ကျောင်းသူ/သား လမ်းဖြတ်ကူး လွယ်ကူစေရေး အကူ အညီပေးနေ ရပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာများ အနေဖြင့် အထက (၄) ကျောင်းအနီးရှိ ကွက်သစ်လမ်းဆုံတွင် ကျောင်းတက်/ဆင်း ချိန်များ၌ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ထားရှိပေးစေလိုကြောင်း သက်ဆိုင်ရာသို့ တင်ပြအပ်ပါသည်။


0 comments: