Saturday, June 8, 2013

မြိတ်မြို့၌ ကျောင်းသား ကျောင်းသူများ သွေးလွန်တုတ်ကွေး ရောဂါကင်းဝေးရေးနှင့် ခြင်အန္တရာယ် ကင်းစင်ရေး အတွက် ခြင်ဆေးဖြန်း

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ ကျောင်းသား ကျောင်းသူများ သွေးလွန် တုတ်ကွေးရောဂါ ကင်းဝေး ရေးနှင့် ခြင်းအန္တရာယ် ကင်းစင်ရေးအတွက် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းကို ဇွန်လ(၈)ရက် နံနက်(၉) နာရီတွင် အထက(၃)ကျောင်း မြိတ်၌ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ စေတနာရှင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းကို အထက(ခွဲ) အလက(၁)ကျောင်း၊ အမက(ကန်ခေါင်း) ကျောင်း၊ အမက(၆) မြစ်ငယ်ကျောင်း၊ မူလတန်းလွန် (ဗဟို)ကျောင်း၊ အထက(၁)ကျောင်း တို့တွင် လည်း ဆောင်ရွက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

 

0 comments: