Thursday, June 13, 2013

မိုးသည်းထန်စွာရွာသွန်းပြီး စာသင်ကျောင်းခြံစည်းရိုးအုတ်တံတိုင်းနှင့်မြေပြိုကျ

၁၂-၆-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းကဖီးကျေးရွာတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ချောင်းကဖီး တွဲဘက် အထက်တန်းကျောင်းရှေ့ မြေနံရံမှ အလျား ၁၅ ပေ၊ အမြင့် ၂၀ ပေရှိ မြေပြိုကျခဲ့သဖြင့် အလျား ၇၂ ပေ၊ အမြင့် ၅ ပေရှိ ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ပြိုကျပြီး တန်ဘ...ိုးငွေကျပ်(၉၀၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ 


ထို့ပြင် ၁၂၀x၃၀ ပေရှိ နှစ်ထပ်ကျောင်းဆောင်နောက်မှ မြေပြိုကျမှုကြောင့် ကျောင်းစာသင်ခန်းများ အတွင်း အမြင့်(၁)ပေခန့် အထိ မြေကြီးများ ၀င်ရောက်ခဲ့သဖြင့် ကျောင်းခေတ္တ ပိတ်ထားပြီး မြေကြီးများအား ရှင်းလင်း၍ ၁၃-၆-၂၀၁၃ ရက်နေ့တွင် ကျောင်းပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် မြေပြိုကျမှုကြောင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်းရရှိသည်။

0 comments: