မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Wednesday, May 27, 2015

မြိတ်ဒေသ မင်္ဂလာဆောင် ဓလေ့

မြိတ်ဒေသ မင်္ဂလာဆောင် ဓလေ့ ((((( ရန်ကုန်တက္ကသိုလ် သမိုင်း မဟာဝိဇ္ဇာဘွဲ့ အတွက် ၁၉၉၂ ခုနှစ်တွင် ဒေါ်ရီရီသက် ပြုစုသော ကိုလိုနီခေတ် မြိတ်ခရိုင် သမိုင်း (၁၉၄၁-၁၉၄၈ ) စာတမ်းမှ ကောက်နုတ် ဖော်ပြပါသည်။ )))) မြိတ်ဒေသ မင်္ဂလာဆောင် ဓလေ့မှာ ထူးခြားသည်ကို တွေ့ရှိရသည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမများ၊ နိတိကျမ်းများ၏ အဆိုအမိန့်များကို လိုက်နာကြသည်။ သားပျိုး သမီးပျိုတို့ကို ထိမ်းမြား လက်ထပ် ပေးရာတွင် ဒုတိယ ကမ္ဘာစစ် မဖြစ်မီ အခါကာလကမူ ရှေးအစဉ်အလာများ အတိုင်း မောင်လှယ် နှမလယ်...

တနင်္သာရီမြို့ - မောတောင်လမ်းပိုင်း ပြုလုပ်နေသော ထိုင်းနိုင်ငံသား (၁) ဦးရေနစ်သေဆုံး

တနင်္သာရီမြို့ - မောတောင်လမ်းပိုင်း ပြုလုပ်နေသော ထိုင်းနိုင်ငံသား (၁) ဦးရေနစ်သေဆုံးတနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အရှေ့ဘက် (၁) ဖါလုံခန့်အကွာ အကျယ် (၁၀၀) ပေ၊ အနက် (၁၅) ပေခန့် ရှိသော သိန်ခွန်းချောင်းတွင် ၂၀၁၅ ခုနှစ်၊ မေလ (၂၅) ရက်နေ့ ညနေ (၃) နာရီ အချိန် တနင်္သာရီ- မောတောင် လမ်းအပိုင်း ပြုပြင်နေသော ထိုင်းနိုင်ငံသား Mr Somsak Chontha အသက် (၂၀)နှစ် သည် ထိုင်းနိုင်ငံသား (၃) ဦးနှင့် အတူ လုပ်ငန်းခွင် အပြီး ချောင်းထဲသို့ ရေဆင်းချိုးစဉ်...

Tuesday, May 26, 2015

လူသိနည်းသည့် ရတနာ တစ်ပါး သို့မဟုတ် ခရုအုန်း အမြုတေ

 လူသိနည်းသည့် ရတနာ တစ်ပါး သို့မဟုတ် ခရုအုန်း အမြုတေမြန်မာနိုင်ငံ တောင်ဘက် တနင်္သာရီ ပင်လယ် ကမ်းရိုးတန်းမှ မြို့များဖြစ်သည့် ကော့သောင်းမြို့ ဘုတ်ပြင်းမြို့နှင့် မြိတ်မြို့တို့သည် သဘာဝ ရတနာတစ်ပါး ဖြစ်သည့် အဖိုးတန် ကမ္ဘာကျော် ပုလဲရတနာထွက်ရှိသောကြောင့် လူသိများသည်။ ပုလဲရတနာကို ပင်လယ် သတ္တဝါ ခရုခုံးကောင် မျိုးနွယ်တစ်မျိုး ဖြစ်သည့် မုတ်ကောင်မှ သဘာဝအတိုင်း သို့မဟုတ် မုတ်ကောင်များကို လူသားတို့က မွေးမြူကာ ပုလဲ ထုတ်လုပ် ဖန်တီးကြသည်။ အဆိုပါ ပုလဲရတနာသည် မုတ်ကောင်...

ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ် ဖွင့်လှစ်ပြီးနောက် ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံ သို့ နှစ်ပတ်လာရောက် လည်ပတ်ခွင့် ရရှိသော်လည်း မြန်မာနိုင်ငံသားများ တစ်ညအိပ် နှစ်ရက်ခရီးသာ ထိုင်းဘက်သို့ လည်ပတ်ခွင့်ရရှိ

ဆင်းခွန် အထူး ယာယီနယ်စပ်ဂိတ် ဖွင့်လှစ်ပြီးနောက် ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံ သို့ နှစ်ပတ်လာရောက် လည်ပတ်ခွင့် ရရှိသော်လည်း မြန်မာနိုင်ငံသားများ တစ်ညအိပ် နှစ်ရက်ခရီးသာ ထိုင်းဘက်သို့ လည်ပတ်ခွင့်ရရှိ ဇော်မိုးဦး ( မြိတ်) ၊ Eleven Media Groupထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ဒန်းသိန်ခွန်းရွာရှိ ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ်အား ထိုင်းနိုင်ငံမှ ဖွင့်လှစ်ပြီးနောက်တွင် ထိုင်းနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံ မောတောင်နယ်စပ်ဂိတ်ကို ဖြတ်သန်းပြီး ၁၃ ရက် ညအိပ် ၁၄ ရက်ခရီးကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့် ရရှိသော်လည်း မြန်မာနိုင်ငံသားများက ဆင်းခွန်နယ်စပ်ဂိတ်ကို...

အောင်ပွဲရ ပင်လယ်ပျော်တို့ ပြန်လာပြီ

ရန်ကုန်နှင့် နေပြည်တော်သို့ လေ့လာရေး ခရီးသွားရောက်သည့် ရေကြောင်းလူငယ် သင်တန်းသားများ မြိတ်မြို့သို့ ပြန်လည်ရောက်ရှိ မြိတ်မြို့နှင့် ကျွန်းစုမြို့တို့တွင် ဖွင့်လှစ်ခဲ့သည့် ရေကြောင်းလူငယ်သင်တန်း အခြေခံနှင့် တန်းမြင့် သင်တန်း (၁/၂၀၁၅) မြိတ်စခန်းနှင့် ကျွန်းစုစခန်း မှ သင်တန်းသား သင်တန်းသူ များသည် ရန်ကုန်မြို့နှင့် နေပြည်တော် တို့တွင် ရက်သတ္တ (၁)ပတ်ကြာ လေ့လာရေး ခရီး သွားရောက်ခဲ့ရာမှ ယနေ့ ၂၀၁၅ ခုနှစ် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့သို့ တပ်မတော်...

Friday, May 22, 2015

ရေကြောင်း လူငယ်သင်တန်း စခန်းပေါင်းစုံ ပြိုင်ပွဲတွင် မြိတ်စခန်းနှင့် ကျွန်းစု စခန်းမှ ဆုပေါင်း (၁၄) ဆု ရရှိ

ရေကြောင်း လူငယ်သင်တန်း စခန်းပေါင်းစုံ ပြိုင်ပွဲတွင် မြိတ်စခန်းနှင့် ကျွန်းစု စခန်းမှ ဆုပေါင်း (၁၄) ဆု ရရှိ --------------------------------------------ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် (ရန်ကုန်)၌ ပြုလုပ်သည့် ရေကြောင်း လူငယ် အခြေခံနှင့် တန်းမြင့် သင်တန်း (၁/၂၀၁၅) ၏ စခန်းပေါင်းစုံ ပြိုင်ပွဲကို မေလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့ အထိ ကျင်းပ ပြုလုပ်ခဲ့ရာ ပြိုင်ပွဲများ ပြီးဆုံးချိန်၌ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် မြိတ်စခန်းနှင့် ကျွန်းစု စခန်း တို့မှ ဆုပေါင်း (၁၄)ဆု...

Wednesday, May 20, 2015

ညီအစ်ကို အချင်းချင်း စကားများရာမှ ညီဖြစ်သူမှ အစ်ကိုဖြစ်သူအား ဓားဖြင့်ခုတ်သတ်

ညီအစ်ကို အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ညီဖြစ်သူက အစ်ကို ဖြစ်သူအား ဓားဖြစ် ခုတ်သတ်မှု တစ်ခု မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာတွင် ၂၀၁၅ ခုနှစ် မေလ ၁၉ ရက် နေ့လည် (၁)နာရီ အချိန်တွင် ဖြစ်ပွားသည်။  ...

Tuesday, May 19, 2015

ဘုန်းကြီး ကျောင်းထိုင်ဆရာတော် ကြိုးဆွဲချသေဆုံးမှု တနင်္သာရီမြို့နယ်၌ ဖြစ်ပွား

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ မမသောင် အရှေ့ကျေးရွာ၊ ရေပူစမ်း ဘုန်းကြီးကျောင်းတွင် (၁၉.၅.၂၀၁၅)ရက်နေ့ နံနက်(၀၆၀၀) အချိန်တွင်  ၄င်းကျောင်းတွင် သီတင်းသုံး နေထိုင်သော ကျောင်းထိုင် ဆရာတော် ဦးသုန္ဒရ (ခ) ဦးသန်းဌေး သက်တော် (၅၄)နှစ်၊ ၀ါတော်(၂၁)နှစ်သည် ကျောင်းဝင်း အတွင်း ဆွမ်းစားဆောင်ရှေ့ အမြင့်ပေ(၂၀)ပေခန့်ရှိသော ရာဘာပင်တွင် ငါးမူးလုံးခန့်ရှိ အဖြူရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးလျှက် ရှိကြောင်း...

Sunday, May 17, 2015

ပင်လယ်ပျော်တို့ ဇင်ယော်စီးပြီ

ပင်လယ်ပျော်တို့ ဇင်ယော်စီးပြီ --------------------------------မြိတ်မြို့နှင့် ကျွန်းစုမြို့တို့တွင် ဖွင့်လှစ်ထားသည့် ရေကြောင်းလူငယ် သင်တန်း အခြေခံနှင့် တန်းမြင့် သင်တန်းမှ သင်တန်းသား သင်တန်းသူများသည် လေ့လာရေး ခရီးနှင့် စခန်းပေါင်းစုံ ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အတွက် တပ်မတော် လေယာဉ်ဖြင့် ၀၉၃၀ အချိန်တွင် ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းသားများသည် ရန်ကုန်မြို့ရှိ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ နေထိုင်ပြီး စခန်းပေါင်းစုံ...

၂၀၁၅ ခုနှစ် နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည် ချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုရရှိသော မြိတ်မြို့ ဂုဏ်ဆောင်သူများ

၂၀၁၅ ခုနှစ် နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည် ချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုရရှိသော မြိတ်မြို့  ဂုဏ်ဆောင်သူများ -------------------------------- ...

မြိတ်ဇာတိဖွား မြိတ်သား ပန်းချီပညာရှင် တစ်ဦး၏ ရင်တွင်းအနုပညာ ဖွင့်အံမှု ..

မြိတ်ဇာတိဖွား မြိတ်သား ပန်းချီပညာရှင် တစ်ဦး၏ ရင်တွင်းအနုပညာ ဖွင့်အံမှု ..-----------------------------ပန်းချီပညာရှင် ဆရာဦးဝင်းဇင်ဆိုတာ မြိတ် ဒေသနှင့် ဆယ်စုနှစ် တစ်ခုကျော် ဝေးကွာပြီးရန်ကုန်မြို့မှာ အခြေချနေထိုင်တဲ့ ပန်းချီပညာ ရှင်တစ်ဦးပါ။ ဆရာဦးဝင်းဇင်ရဲ့ပန်းချီရေးသက်  နှစ်(၄၀)ပြည့် ပန်းချီပြပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်မှာဖြစ် ပါတယ်။ ထူးခြားမှု တစ်ခုက ဆရာရဲ့ပြပွဲက ပန်းချီ ကားများဟာ ဗုဒ္ဓသားတော် ရဟန်းသံဃာများပုံတွေဖြစ်တာကြောင့် နှလုံးစိတ်ဝမ်း...

Saturday, May 16, 2015

ရေကြောင်း လူငယ် သင်တန်း မြိတ်စခန်းနှင့် ကျွန်းစုစခန်းမှ သင်တန်းသား/ သူများ ရန်ကုန်နှင့် နေပြည်တော်သို့ လေ့လာရေး ခရီးသွားရောက်မည်

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ကြီးမှူး၍ ဖွင့်လှစ်ထားသည့်  ရေကြောင်းလူငယ် သင်တန်း အခြေခံ သင်တန်း အမှတ်စဉ် (၁/၂၀၁၅) နှင့် တန်းမြင့် သင်တန်း (၁/၂၀၁၅)သို့ တက်ရောက်နေသည့် မြိတ်စခန်းနှင့် ကျွန်းစုစခန်းမှ သင်တန်းသား သင်တန်းသူ (၁၀၁) ဦးသည် အုပ်ချုပ်သူ အရာရှိနှင့် နည်းပြဆရာများ၊ အုပ်ချုပ်သူ ဆရာ/ဆရာမများ လိုက်ပါ၍ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ မေလ (၁၇) ရက်နေမှ စတင်ပြီး တစ်ပတ်ကြာ လေ့လာရေး ခရီးသွားရောက်မည် ဖြစ်ကြောင်း သိရသည်။ ဌာနချုပ်မှူးမှ ဂုဏ်ပြုညစာစားပွဲဖြင့်...

Thursday, May 14, 2015

ပင်လယ်ပျော်များရဲ့ လေ့ကျင့်မှု

ပင်လယ်ပျော်များရဲ့  လေ့ကျင့်မှု  ရေကြောင်း လူငယ် သင်တန်း ( မြိတ်စခန်းနှင့် ကျွန်းစု စခန်း) အခြေခံ သင်တန်း (၁/၂၀၁၅)နှင့် တန်းမြင့် သင်တန်း (၁/၂၀၁၅) သို့ တက်ရောက်နေသည့်  သင်တန်းသား သင်တန်းသူ များ၏ လေ့ကျင့်ရေး ဆောင်ရွက်နေ မှုအား တနင်္သာရီရေတပ် စခန်း ဌာနချုပ် ဌာနချုပ်မှူး က ကြည့်ရှု အားပေးနေစဉ် ...

တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာ ၌ (WY) စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ဖမ်းဆီးရမိ

တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာ ၌ (WY) စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ဖမ်းဆီးရမိ တနင်္သာရီတိုင်းဒေသကြီ၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ မြို့မရဲစခန်းမှ နယ်ထိန်း အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ (၁၃.၅.၂၀၁၅) ရက်နေ့ နံနက် (၈း၀၀)နာရီ အချိန်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ သဘော့လိပ်ကျေးရွာ၊ သိန္ဓောကုန်းလမ်းနေ ထွန်းမင်း(ခ)အာဖွီနှင့် ဇနီးဖြစ်သူ မဇင်ဇင်နွယ်(ခ)၀ါဟီတာ တို့၏နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း...

မောတောင်နယ်စပ်ဂိတ်အား နှစ်နိုင်ငံတစ်ပြိုင်နက် ဖွင့်လှစ် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ

မောတောင်နယ်စပ်ဂိတ်အား နှစ်နိုင်ငံတစ်ပြိုင်နက် ဖွင့်လှစ် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိမေလ ၁၁ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနင်္သာရီ မဲဆန္ဒနယ်မှ ဦးယုံဘီး က မောတောင်နယ်စပ်ဂိတ်ကို အပြည်ပြည် ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ပေးရန် ကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။ ...

Tuesday, May 12, 2015

ဆူနာမီ ကောလဟာလကို စိုးရိမ်နေသူများ ဖတ်ဖို့

ဆူနာမီ ကောလဟာလကို စိုးရိမ်နေသူများ ဖတ်ဖို့(ဒေါက်တာထွန်းလွင် )ဘာရင်ကျွန်းဟာ ကပ္ပလီကျွန်းစု အတွင်းရှိ အိန္ဒိယနိုင်ငံက ပိုင်ဆိုင်သော ကျွန်းဖြစ်ပါတယ်။ ကပ္ပလီကျွန်းစုတွင် ပါဝင်သော Port Blair မြို့ရဲ့ အရှေ့မြောက်ဖက် ၁၃၅ ကီလိုမီတာ အကွာမှာ တည်ရှိ ပါတယ်။ ဆူမတြာကျွန်းနဲ့ မြန်မာနိုင်ငံ အကြား တည်ရှိနေသော မီးတောင် အစွယ်တန်း (Volanic arc) တွင် တစ်ခုတည်းသော မီးတောင်ရှင် တစ်ခုဖြစ် ပါတယ်။ မြေအောက် အနက် ၂၂၅၀ မီတာအနက်မှ အထက်မြေပေါ် အမြင့် ၃၅၄ မီတာအထိ ထိုးထွက်နေသော မီးတောင်ရှင်ဖြစ်...

Monday, May 11, 2015

ရာဘာခြံ အလုပ်သမား သယ်ဆောင်သည့် ယာဉ်တိမ်းမှောက် (၂)ဦး သေဆုံး

ရာဘာခြံ အလုပ်သမား သယ်ဆောင်သည့် ယာဉ်တိမ်းမှောက် (၂)ဦး သေဆုံး ရာဘာခြံ အလုပ်သမားများ တင်ဆောင်ပြီး ရာဘာခြံ အလုပ်စခန်းသို့ အလုပ်လုပ်ရန် ပို့ဆောင်စဉ် ယာဉ်တိမ်းမှောက်၍ အလုပ်သမား (၂)ဦး သေဆုံးပြီး (၁၇)ဦး ဒဏ်ရာရရှိခဲ့မှု မြိတ်မြို့ နန်းတော်ရာ ကျေးရွာအုပ်စု ဓါးသွေးကျေးရွာ အနီး တွင် ၂၀၁၅ မေလ ၁၀ ရက်နေ့ ညနေပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဓါးသွေး ကျေးရွာ အနီးရှိ ရွှေပင်လယ် ကုမ္ပဏီမှ ဖောက်လုပ်ထားသော မြေသားလမ်းတွင် ၄င်းကုမ္ပဏီမှ ယာဉ်မောင်း မောင်မျိုး (ခ) မျိုးမင်းဦး ( အသက် (၂၀)နှစ် (ဘ) ဦးမောင်တိုး ) မောင်းနှင်သည့် ယာဉ်အမှတ် 5F/ 6756 ၊ For Land အမျိုးအစား အပြာရောင်...

ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်း (၁/၂၀၁၅) ဆင်းပွဲ မြိတ်မြို့၌ ကျင်းပ

ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်း (၁/၂၀၁၅) ဆင်းပွဲ မြိတ်မြို့၌ ကျင်းပ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်း (၁/၂၀၁၅) ဆင်းပွဲကို မေလ(၈)ရက် နံနက်(၁၀)နာရီက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းတွင် ကျင်းပခဲ့ရာ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်နိုင်က အမှာစကား ပြောကြားသည်။ ...

Friday, May 8, 2015

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းများသို့ သွားရောက် ကြည့်ရှု အားပေး

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းများသို့ သွားရောက် ကြည့်ရှု အားပေးနေပြည်တော် ၊ မေ ၇ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး တို့သည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မြိတ်လေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော...

ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုအားပေး

ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုအားပေးနေပြည်တော် ၊ မေ ၇တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ သမုတ်ကျေးရွာ၊ မရမ်းပင်ကျေးရွာ၊ အလယ်ချောင်ကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၇၅ ဦးအား ကမ်းရိုးတန်းဒေသ တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး၊...

မောတောင်ကို အထူးနယ်စပ်ဂိတ် အဖြစ် တိုးမြှင့်မည်

မောတောင်ကို အထူးနယ်စပ်ဂိတ် အဖြစ် တိုးမြှင့်မည်မြိတ် မေ ၇ ((မေလ (၈) ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ)))မြန်မာ-ထိုင်း ယာယီ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မြိတ်ခရိုင်ရှိ မောတောင် နယ်စပ်ဂိတ်ကို ယခုလ ၂၃ ရက်မှ စပြီး အထူး နယ်စပ်ဂိတ် အဖြစ် တိုးမြှင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပရာကျွတ်ခီရီခန် ခရိုင်ဝန်က ပြောကြားသည်။ တနင်္သာရီ တိုင်းဒေသကြီး အစိုးရနှင့် ပရာကျွတ် ခရိုင်ဝန်နှင့် အဖွဲ့ဝင် များသည် မြိတ်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် မောတောင်- ဆင်းခွန် နယ်စပ်...

တနင်္သာရီ-ရန်ကုန် ခရီးစဉ် လေကြောင်းလိုင်း (၆)လိုင်းပြေးဆွဲမည်

 တနင်္သာရီ-ရန်ကုန် ခရီးစဉ် လေကြောင်းလိုင်း (၆)လိုင်းပြေးဆွဲမည်Dawei Watch Thursday, 07 May 2015 ထုတ် ( ပြည်ထောင်စုနေ့စဉ်သတင်းစာမှ) ...

မြေယာများအား မူလပိုင်ရှင်ထံ ယာယီ လုပ်ကိုင်ခွင့် ပြန်လည် ပေးအပ်

မြေယာများအား မူလပိုင်ရှင်ထံ ယာယီ လုပ်ကိုင်ခွင့် ပြန်လည် ပေးအပ်ကာကွယ်ရေး ၀န်ကြီးဌာနမှ တပ်မြေအဖြစ် သိမ်းဆည်းထားသည့် မြေဧက (၃၅.၇၆)အား ပြန်လည် စွန့်လွတ်၍ မူလ စိုက်ပျိုး လုပ်ကိုင်ခဲ့သူ တောင်သူ (၄)ဦးအား ယာယီ လုပ်ကိုင်ခွင့် ပြန်လည် ပေးအပ်ပွဲ အခမ်းအနားကို မေလ (၇)ရက် နံနက် (၁၀)နာရီအချိန်က  မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။  ...

Tuesday, May 5, 2015

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် စာသင်ကျောင်း ဘုရားဆောင် ဆောက်လုပ်ရန် ဘိလပ်မြေ လှူဒါန်း

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် စာသင်ကျောင်း ဘုရားဆောင် ဆောက်လုပ်ရန် ဘိလပ်မြေ လှူဒါန်း -------------------------------- မြိတ်မြို့ စန္ဒ၀တ် ကျေးရွာအုပ်စု ကျောက်ဖြူတောင် ရွာရှိ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် အသုံးပြု ရန်နှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ (အုန်းတော) ကျောင်းရှိ ဇေယျဓမ္မသုခ ဘုရားကျောင်းဆောင် ဆောက်လုပ်ရာတွင် အသုံးပြု ရန် အတွက် တနင်္သာရီ ရေတပ် စခန်း ဌာနချုပ် ဌာနချုပ်မှူး မှ ဘိလပ်မြေ (၁၀၀) အိတ်စီဖြင့်...

ပင်လယ်ပြင်အတွင်း ငါးလုံးဝ မဖမ်းရ ရာသီ သုံးလ သတ်မှတ်

ပင်လယ်ပြင် အတွင်း ငါးလုံးဝ မဖမ်းရ ရာသီ သုံးလ သတ်မှတ် မြန်မာ့ပင်လယ်ပြင် အတွင်း ရေပေါ် ရေအောက် ငါးသယံဇာတ ၈၀% နှုန်းကျော် ကျဆင်းမှုကြောင့် ယခုနှစ် မိုးတွင်း ကာလမှ စတင်၍ ငါးမဖမ်းရ ရာသီ အဖြစ် (၃)လ သတ်မှတ် လိုက်ကြောင်း မေလ (၄) ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။ ...

(၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မြိတ်မြို့၌ ကျင်းပပြုလုပ်

(၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မြိတ်မြို့၌ ကျင်းပပြုလုပ် (၆၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား မြိတ်မြို့ ဘုရားငါးဆူရပ် မြို့မအားကစား ကွင်းတွင် မေလ (၅) ရက်နေ့ နံနက် (၇)နာရီ အချိန် ပြုလုပ်ကျင်းပရာ အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက မီးသတ်တပ်ဖွဲ့နေ့ အတွက် ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထိုနောက်  မြိတ်မြို့နယ် အတွင်းရှိ မီးလောင်မှုများတွင် မီးသတ် ယာဉ်အား ၊ လူအားဖြင့်...

Monday, May 4, 2015

တနင်္သာရီမြို့တွင် ဒုတိယအကြိမ်မြောက် ကဆုန်ညောင်ရေသွန်း ပွဲတော်ကျင်းပပြုလုပ်

တနင်္သာရီမြို့တွင် ဒုတိယအကြိမ်မြောက် ကဆုန်ညောင်ရေသွန်း ပွဲတော်ကျင်းပပြုလုပ် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ မြို့ဦး ပရိယတ္တိ စာသင်တိုက် ဘုန်းကြီးကျောင်း၌ ၂၀၁၅ ခုနှစ်၊ မေလ (၂)ရက်နေ့တွင် တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ ဦးစီး၍ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့သူမြို့သား များမှ စုပေါင်း၍ ကဆုန်လပြည့်နေ့...

မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီမြို့၌ စုပေါင်း သန့်ရှင်းရေးနှင့် သွေးအုပ်စုခွဲစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့နယ် ပြည်သူ့ဆေးရုံတွင်  ၂၀၁၅ ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီ မြို့နယ်မီးသတ် ဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးမျိုးမျိုးနိုင် ဦးစီး၍ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင် (၆၅)ဦးမှ (၂-၅-၂၀၁၅)ရက်နေ့ (၀၉း၀၀) အချိန်တွင် ဆေးရုံဝင်း အတွင်း ခြုံနွယ် ပေါင်းပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်းစေရေး အတွက် ရေနုတ်မြောင်းများ...

Sunday, May 3, 2015

ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေပြည်တော် မေ ၂တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင် ကျေးရွာအုပ်စု၊ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ဆရာတော်အား ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးနှင့် တာဝန်ရှိသူများက သွားရောက် ဖူးမြော်၍ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး အဆိုပါ ဘုန်းတော်ကြီးသင် ကျောင်း၌ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး...

Saturday, May 2, 2015

ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ၌ (၅၇)ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူပွဲ ကျင်းပ

ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ၌ (၅၇)ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူပွဲ ကျင်းပ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ အောင်တော်မူ ဓမ္မာရိပ်သာတွင် (၅၇) ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူပွဲအား ၂၀၁၅ ခုနှစ် မေလ (၂) ရက်နေ့ ၊ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် ကဆုန်လပြည့်နေ့ နံနက်ပိုင်းတွင်  ကျင်းပရာ မြိတ်မြို့နယ် ၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်၊ ဘုတ်ပြင်း မြို့နယ်များမှ သံဃာတော် (၁၇၈) ပါး၊ သာမဏေ (၃၄)ပါးနှင့် သီလရှင် (၃၆)ပါး...

အနာဂတ်ရဲ့ ခရီးသွားနေရာ ဖြစ်နိုင်တဲ့ မြိတ်ကျွန်းစု

အနာဂတ်ရဲ့ ခရီးသွားနေရာ ဖြစ်နိုင်တဲ့ မြိတ်ကျွန်းစု   (((မြန်မာတိုင်းမ်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။))) ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု များလာပြီး လာရောက် လည်ပတ်မှု တိုးလာသည့် တနင်္သာရီ တိုင်းဒေသကြီးရှိ မြိတ်ကျွန်းစု သည် အနာဂတ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် အမြောက်အမြား ဆွဲဆောင်နိုင်သော ခရီးသွားနေရာ တစ်ခုဖြစ်လာနိုင်သည် ဟု မြိတ်မြို့ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးက မြန်မာတိုင်း(မ်)ကို...