Friday, May 8, 2015

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းများသို့ သွားရောက် ကြည့်ရှု အားပေး

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းများသို့ သွားရောက် ကြည့်ရှု အားပေး

နေပြည်တော် ၊ မေ ၇

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး တို့သည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မြိတ်လေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၅)သင်တန်း သား၊သင်တန်းသူများ၏ လေကြောင်းပညာ အခြေခံ ဘာသာရပ် သင်ကြားနေမှု၊ ကွန်ပျူတာ အသုံးပြု၍ လက်တွေ့ပျံသန်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။


ထို့နောက် ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် အဖွဲ့ဝင်များသည် မြိတ်မြို့၊ အုန်းတော အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၌ ဖွင့်လှစ် သင်ကြားလျက်ရှိသော (မြိတ်စခန်း) ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၅) တွင် သင်တန်းသား၊ သင်တန်းသူ များ၏ ရေကြောင်း လမ်းညွှန် ဘာသာရပ် သင်ကြားနေမှုနှင့် လက်တွေ့လုပ်ဆောင် နေမှုများ ကို ကြည့်ရှု အားပေးကြသည်။


ဆက်လက်၍ နည်းပြဆရာ၊ ဆရာမများအတွက် အမှတ်တရလက်ဆောင် ပစ္စည်းများနှင့် သင်တန်းသား၊ သင်တန်းသူများ အတွက် စာရေး ကိရိယာများနှင့် လက်ဆောင်ပစ္စည်းများ ပေး အပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားကြသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် အဖွဲ့ဝင်များသည် ကျွန်းစုမြို့ရှိ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် လှေလှော်ရွက်တိုက် အသင်း တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော (ကျွန်းစုစခန်း) ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၅) တွင် သင်တန်းသား၊ သင်တန်း သူများ၏ ရေကြောင်း လမ်းညွှန် ဘာသာရပ် သင်ကြားနေမှုနှင့် လှေလှော်ရွက်တိုက် လက်တွေ့ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားေ ပြာကြားခဲ့ကြောင်း သတင်း ရရှိသည်။

(( ကာကွယ်ရေးဦးစီးချုပ်ရုံး FB ))

0 comments: