Saturday, May 2, 2015

ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ၌ (၅၇)ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူပွဲ ကျင်းပ

ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ၌ (၅၇)ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူပွဲ ကျင်းပ

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ အောင်တော်မူ ဓမ္မာရိပ်သာတွင် (၅၇) ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူပွဲအား ၂၀၁၅ ခုနှစ် မေလ (၂) ရက်နေ့ ၊ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် ကဆုန်လပြည့်နေ့ နံနက်ပိုင်းတွင်  ကျင်းပရာ မြိတ်မြို့နယ် ၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်၊ ဘုတ်ပြင်း မြို့နယ်များမှ သံဃာတော် (၁၇၈) ပါး၊ သာမဏေ (၃၄)ပါးနှင့် သီလရှင် (၃၆)ပါး စုစုပေါင်း  (၂၄၈) ပါး ကြွရောက်ပြီး ပျားရည်ဆွမ်း အလှူခံတော်မူသည်။


အဆိုပါ ပျားရည်ဆွမ်း လောင်းလှူပွဲသို့ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များ ၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များ၊ စုစုပေါင်း အင်အား (၁၀၀၀)ခန့် တက်ရောက်၍ စည်းကား သိုက်မြိုက်စွာ ကျင်းပ လှူဒါန်း ခဲ့ကြသည်။


ထိုနောက် တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ လှူဒါန်းထားသော အောင်တော်မူ သာသနာ့ ဗိမ္မာန်တွင် ရွှေကျောင်း ဆရာတော်ထံမှ ပျားရည်ဆွမ်း လှူဒါန်းမှုအတွက် ရေစက်ချ တရားနာခဲ့ပြီး တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဒုတိယ ဌာနချုပ်မှူးနှင့် အရာရှိ စစ်သည် မိသားစုများက လှူဖွယ် သင်္ကန်းနှင့် ၀တ္ထုများ ဆက်ကပ် လှူဒါန်း ခဲ့သည်။

ထိုသို့ ပျားရည်ဆွမ်း လောင်းလှူ နိုင်ရန် အတွက် အလှူရှင်များက သဘာဝ ပျားရည်စစ်များကို ကြိုတင် ၀ယ်ယူ စုဆောင်းပြီး သဘာဝ ပျားရည် စစ်စစ်များဖြင့် လာရောက် ကုသိုလ်ပြု လောင်းလှူကြရာ အလှူခံ ပုဂ္ဂိုလ် တစ်ပါး လျှင် ပျားရည် (၃) ပိဿာခန့် အလှူခံ ရရှိကြောင်း သတင်းရရှိသည်။

0 comments: