Friday, May 8, 2015

မြေယာများအား မူလပိုင်ရှင်ထံ ယာယီ လုပ်ကိုင်ခွင့် ပြန်လည် ပေးအပ်

မြေယာများအား မူလပိုင်ရှင်ထံ ယာယီ လုပ်ကိုင်ခွင့် ပြန်လည် ပေးအပ်

ကာကွယ်ရေး ၀န်ကြီးဌာနမှ တပ်မြေအဖြစ် သိမ်းဆည်းထားသည့် မြေဧက (၃၅.၇၆)အား ပြန်လည် စွန့်လွတ်၍ မူလ စိုက်ပျိုး လုပ်ကိုင်ခဲ့သူ တောင်သူ (၄)ဦးအား ယာယီ လုပ်ကိုင်ခွင့် ပြန်လည် ပေးအပ်ပွဲ အခမ်းအနားကို မေလ (၇)ရက် နံနက် (၁၀)နာရီအချိန်က  မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။ 


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို က မြေယာ ပြန်လည် စွန့်လွှတ် ပေးအပ်သည်ကိစ္စနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ပြန်လည် စွန့်လွတ် သည့်မြေများကို မူလပိုင်ရှင်များထံ ပြန်လည် လွဲပြောင်းပေးမှု အနေဖြင့် စိုက်ပျိုးနိုင်သည့် ဧရိယာ (၁၂၉၈.၆၃) ဧကနှင့် စိုက်ပျိုးမြေ မဟုတ်သောမြေ ဧရိယာ (၁၀၄၈.၀၃၆) ဧကကို လွဲပြောင်း ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ စွန့်လွတ်မြေများအနက် (၂၃၂၅.၅၃) ဧကမှာ ကာကွယ်ရေး ၀န်ကြီးဌာနက စွန့်လွတ်သည့် မြေများ ဖြစ်ပီး ကျန်ဧကများမှာ အခြား ၀န်ကြီးဌာနနှင့် ကုမ္ပဏီ အဖွဲ့အစည်းများက စွန့်လွတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတက တပ်ပိုင်မြေများနှင့် ပတ်သက်၍ သီးစားချထားခြင်း ၊ အကျိုးတူ ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်၊ တပ်ဌာနများ၏ လုံခြုံရေး လိုအပ်ချက်နှင့် လေ့ကျင့်ရေး ကွင်း လိုအပ်ချက်များ အတွက် အမှန်တကယ် လိုအပ်သည့် အနည်းဆုံး မြေဧရိယာ အကျယ်အ၀န်း ကိုသာ ရယူပြီး ကျန်မြေပိုများကို မူလ ပိုင်ရှင် များထံ ပြန်လည်ပေးအပ်ရန် ဟူသော ချမှတ်ထားသည့် မူဝါဒအရ မြေအသုံးချရေး စီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်က စိစစ်ပြီး မူလ ပိုင်ရှင်များထံ အမြန်ဆုံး ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး အတွင်း အလားတူ ထပ်မံ စွန့်လွတ်မြေများကို မူလပိုင်ရှင်များထံ အမြန်ဆုံး ပြန်လည် ပေးအပ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး  ပြန်လည် စွန့်လွတ် သည့်မြေ (၃၅.၇၆) အား ယာယီ လုပ်ကိုင် ခွင့် ပြန်လည် ပေးအပ်ခြင်းကို ပြုလုပ်ခဲ့ရာ ၀န်ကြီးချုပ် ဦးမြတ်ကိုက  မြိတ်မြို့ စန္ဒကျေးရွာ အုပ်စုရှိ တောင်သူ(၄) ဦးအား ပြန်လည်ပေးအပ် ခဲ့ပြီး တောင်သူ (၄)ဦးမှ လက်ခံရယူသည်။ ထိုနောက် တောင်သူများ ကိုယ်စား တောင်သူ ဦးကံထွန်းက ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။



   

0 comments: