Sunday, May 3, 2015

ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော် မေ ၂

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင် ကျေးရွာအုပ်စု၊ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ဆရာတော်အား ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးနှင့် တာဝန်ရှိသူများက သွားရောက် ဖူးမြော်၍ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး အဆိုပါ ဘုန်းတော်ကြီးသင် ကျောင်း၌ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၂၇၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုကို တိုင်းမှူးနှင့် တာဝန်ရှိသူ များက ကြည့်ရှု အားပေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။



ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များသည် တောကျောင်း ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကာ ဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းပြီး တိုင်း စစ်ဌာနချုပ်မှ လှူဒါန်းသော ဘိလပ်မြေ အိတ်များဖြင့် စာသင်တိုက် အဝင်လမ်းအား ကွန်ကရစ်လမ်း ဖောက်လုပ် ပြီးစီးမှု အခြေအနေများကို ကြည့်ရှု ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

0 comments: