Tuesday, May 5, 2015

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် စာသင်ကျောင်း ဘုရားဆောင် ဆောက်လုပ်ရန် ဘိလပ်မြေ လှူဒါန်း

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် စာသင်ကျောင်း ဘုရားဆောင် ဆောက်လုပ်ရန် ဘိလပ်မြေ လှူဒါန်း
--------------------------------

မြိတ်မြို့ စန္ဒ၀တ် ကျေးရွာအုပ်စု ကျောက်ဖြူတောင် ရွာရှိ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် အသုံးပြု ရန်နှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ (အုန်းတော) ကျောင်းရှိ ဇေယျဓမ္မသုခ ဘုရားကျောင်းဆောင် ဆောက်လုပ်ရာတွင် အသုံးပြု ရန် အတွက် တနင်္သာရီ ရေတပ် စခန်း ဌာနချုပ် ဌာနချုပ်မှူး မှ ဘိလပ်မြေ (၁၀၀) အိတ်စီဖြင့် စုစုပေါင်း အိတ် (၂၀၀)လှူဒါန်းခဲ့ကြောင်း သိရသည်။





အဆိုပါ ဘိလပ်မြေ အိတ် (၂၀၀)အား ဌာနချုပ်မှူး ကိုယ်စား ရေတပ်ဌာနချုပ်မှ အရာရှိများက သွားရောက် လှူဒါန်းခဲ့ရာ မင်္ဂလာဇေယျုံ ကျောင်းတိုက် ဆရာတော်နှင့် အထကခွဲ (အုန်းတော)ကျောင်းမှ ကျောင်း အကျိုးတော် ဆောင်များက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

0 comments: