Friday, May 8, 2015

ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုအားပေး

ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် ၊ မေ ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ သမုတ်ကျေးရွာ၊ မရမ်းပင်ကျေးရွာ၊ အလယ်ချောင်ကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၇၅ ဦးအား ကမ်းရိုးတန်းဒေသ တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး၊ တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။



ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ တိုင်းမှူး နှင့် တာဝန်ရှိသူများသည် ဒေသခံ ပြည်သူများအတွက် စာအုပ်၊ စာစောင်များနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

((ကာကွယ်ရေးဦးစီးချုပ်ရုံး FB ))

0 comments: