Friday, May 8, 2015

တနင်္သာရီ-ရန်ကုန် ခရီးစဉ် လေကြောင်းလိုင်း (၆)လိုင်းပြေးဆွဲမည်

 တနင်္သာရီ-ရန်ကုန် ခရီးစဉ် လေကြောင်းလိုင်း (၆)လိုင်းပြေးဆွဲမည်

Dawei Watch Thursday, 07 May 2015 ထုတ် ( ပြည်ထောင်စုနေ့စဉ်သတင်းစာမှ)


ယခု အပတ် အတွင်း တနင်္သာရီ တိုင်းဒေသကြီး အတွင်း ခရိုင်မြို့များ ဖြစ်သည့် ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရီးစဉ် များကို ပြေးဆွဲမည့် လေကြောင်း လိုင်း ခြောက်လိုင်း ထိ ရှိလာမည် ဖြစ်ကြောင်း ကော့သောင်း မြို့ရှိ လေယာဉ် လက်မှတ် အရောင်း ဌာနများ ထံမှ သိရသည်။

ရန်ကုန်နှင့် အထက်ပါ မြို့များသို့ ပြေးဆွဲမည် ဖြစ်ပြီး ခရီးသွား ရာသီတွင် အထက် မြန်မာပြည် ခရီးစဉ်များကို ပျံသန်းသည့် လေကြောင်း လိုင်းများက ခရီးသွား ရာသီကုန်ချိန်တွင် ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရီးစဉ်များ ကို ပြန်လည် ပျံသန်းခြင်းဖြစ်ကြောင်း သိရသည်။

''အရင်နှစ်တွေက ငါးလိုင်းပဲ ပုံမှန်ပျံသန်းတာ။ အခုနှစ်က APEXလေကြောင်းလိုင်းတစ်ခု အသစ်တိုး လာတယ်''ဟု ပုလဲဧကရီ လက်မှတ် အရောင်းဌာနမှ လက်မှတ်အရောင်းကိုယ်စားလှယ် ဦးဇော်မင်းဦးက ဆိုသည်။

မြန်မာ့လေကြောင်းနှင့် APEX လေကြောင်း လိုင်းများက နေ့စဉ် ပြေးဆွဲမည် ဖြစ်ပြီး အဲကမ္ဘောဇ၊ မန်းရတနာပုံ၊ အဲမန္တလေးနှင့် ရန်ကုန် အဲဝေးတို့မှာ သတ်မှတ် ရက်များဖြင့် ပြေးဆွဲ မည်ဟု ဦးဇော်မင်းဦးက ပြောသည်။

0 comments: