Tuesday, May 19, 2015

ဘုန်းကြီး ကျောင်းထိုင်ဆရာတော် ကြိုးဆွဲချသေဆုံးမှု တနင်္သာရီမြို့နယ်၌ ဖြစ်ပွား



တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ မမသောင် အရှေ့ကျေးရွာ၊ ရေပူစမ်း ဘုန်းကြီးကျောင်းတွင် (၁၉.၅.၂၀၁၅)ရက်နေ့ နံနက်(၀၆၀၀) အချိန်တွင်  ၄င်းကျောင်းတွင် သီတင်းသုံး နေထိုင်သော ကျောင်းထိုင် ဆရာတော် ဦးသုန္ဒရ (ခ) ဦးသန်းဌေး သက်တော် (၅၄)နှစ်၊ ၀ါတော်(၂၁)နှစ်သည် ကျောင်းဝင်း အတွင်း ဆွမ်းစားဆောင်ရှေ့ အမြင့်ပေ(၂၀)ပေခန့်ရှိသော ရာဘာပင်တွင် ငါးမူးလုံးခန့်ရှိ အဖြူရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးလျှက် ရှိကြောင်း သိရှိရသည်။



အဆိုပါ ဘုန်းကြီးသည် လွန်ခဲ့သော (၁၀)နှစ်ခန့်မှစ ဆီးချို သွေးချိုရောဂါ ဖြစ်ပွားနေပြီး ၄င်းရောဂါ ဖြင့် စိတ်ဓါတ် ကျဆင်းကာ စိတ်ဂယောင် ချောက်ခြား ဖြစ်ပွား နေကြောင်း သိရှိရပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီမြို့မ ရဲစခန်းမှူး ရဲအုပ်မောင်မောင်မှ သေမှုသေခင်း ဖွင့်လှစ်၍ စုံစမ်း စစ်ဆေးလျှက်ရှိ ကြောင်း သိရှိရပါသည်။

0 comments: