Wednesday, May 27, 2015

တနင်္သာရီမြို့ - မောတောင်လမ်းပိုင်း ပြုလုပ်နေသော ထိုင်းနိုင်ငံသား (၁) ဦးရေနစ်သေဆုံး

တနင်္သာရီမြို့ - မောတောင်လမ်းပိုင်း ပြုလုပ်နေသော ထိုင်းနိုင်ငံသား (၁) ဦးရေနစ်သေဆုံး

တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အရှေ့ဘက် (၁) ဖါလုံခန့်အကွာ အကျယ် (၁၀၀) ပေ၊ အနက် (၁၅) ပေခန့် ရှိသော သိန်ခွန်းချောင်းတွင် ၂၀၁၅ ခုနှစ်၊ မေလ (၂၅) ရက်နေ့ ညနေ (၃) နာရီ အချိန် တနင်္သာရီ- မောတောင် လမ်းအပိုင်း ပြုပြင်နေသော ထိုင်းနိုင်ငံသား Mr Somsak Chontha အသက် (၂၀)နှစ် သည် ထိုင်းနိုင်ငံသား (၃) ဦးနှင့် အတူ လုပ်ငန်းခွင် အပြီး ချောင်းထဲသို့ ရေဆင်းချိုးစဉ် ရေနစ် သေဆုံးခဲ့သဖြင့် သိန်ခွန်းကျေးရွာ ရာအိမ်မှူး ဦးယဉ်အေး နှင့် အဖွဲ့မှ လိုက်လံရှာဖွေရာ ယင်းနေ့ ညနေ(၄)နာရီခွဲ အချိန်တွင် ၄င်းနေရာတွင်ပင် အလောင်းအား ပြင်ပ ဒဏ်ရာမရှိဘဲ တွေ့ရှိရကြောင်း သိရှိရသည်။


အဆိုပါ ထိုင်းနိုင်ငံသား များမှာ လွန်ခဲ့သော (၂) ရက်ခန့်က တနင်္သာရီ- မောတောင် လမ်းအပိုင်း ပြုပြင်နေသော မြိတ်အများပိုင် လမ်းလုပ် ကိုယ်စားလှယ် ဦးနောင်းကိုင်းမှ ယာဉ်နှင့် စက်များ ပြုပြင်ရန် အတွက် ခေါ်သဖြင့် မောတောင်နယ်စပ် လ၀က ၏ Tamporary Border Pass ဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း သိရပြီး ဖြစ်စဉ်အပေါ် တနင်္သာရီ မြို့မရဲစခန်း မှ သေမှုသေခင်း ဖွင့်လှစ် စုံစမ်း စစ်ဆေးလျှက် ရှိကြောင်းသတင်းရရှိသည်။





           

                                      






0 comments: