Monday, May 4, 2015

မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီမြို့၌ စုပေါင်း သန့်ရှင်းရေးနှင့် သွေးအုပ်စုခွဲစစ်ဆေး




တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့နယ် ပြည်သူ့ဆေးရုံတွင်  ၂၀၁၅ ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီ မြို့နယ်မီးသတ် ဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးမျိုးမျိုးနိုင် ဦးစီး၍ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင် (၆၅)ဦးမှ (၂-၅-၂၀၁၅)ရက်နေ့ (၀၉း၀၀) အချိန်တွင် ဆေးရုံဝင်း အတွင်း ခြုံနွယ် ပေါင်းပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်းစေရေး အတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းများ စုပေါင်း ပြုလုပ်ကြကြောင်း သိရှိရပါသည်။





ယင်းနောက် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ တနင်္သာရီမြို့ ပြည်သူ့ဆေးရုံတွင် အရေးပေါ် သွေးလိုအပ်လာပါက လှူဒါန်းနိုင်ရန် အတွက် သွေးအုပ်စုခွဲ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

0 comments: