Thursday, May 14, 2015

တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာ ၌ (WY) စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ဖမ်းဆီးရမိ

တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာ ၌ (WY) စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ဖမ်းဆီးရမိ


တနင်္သာရီတိုင်းဒေသကြီ၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ မြို့မရဲစခန်းမှ နယ်ထိန်း အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ (၁၃.၅.၂၀၁၅) ရက်နေ့ နံနက် (၈း၀၀)နာရီ အချိန်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ သဘော့လိပ်ကျေးရွာ၊ သိန္ဓောကုန်းလမ်းနေ ထွန်းမင်း(ခ)အာဖွီနှင့် ဇနီးဖြစ်သူ မဇင်ဇင်နွယ်(ခ)၀ါဟီတာ တို့၏နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်၊ ၂/၂၀၁၅ ဖြင့် သွားရောက်စုံစမ်းဖမ်းဆီးရာ နေအိမ်တွင်မတွေ့ရှိရသဖြင့် ဆက်လက်စုံစမ်းရာ သဘော့လိပ်ကျေးရွာ၏တောင်ဘက် (၅)မိုင်ခန့်အကွာ ဒေသအခေါ် ငါးနုသန်းချောင်းရှိ ဦးသန်းမြင့်၏ ဥယျာဉ်တဲတွင်ရောက်ရှိနေကြောင်း သတင်းရရှိ၍ လိုက်လံစုံစမ်းရာ ယင်းနေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ငါးနုသန်းချောင်းရှိ ဦးသန်းမြင့်၏ ဥယျာဉ်တဲတွင်ဦးသန်းမြင့်နှင့် ထွန်းမြင့်(ခ)အာဖွီအား မတွေ့ရှိရပဲ ဇနီးဖြစ်သူ မဇင်ဇင်နွယ်အား (JIULONG) တံဆိပ်ပါ မြင်းခွံရောင်ကျောပိုးအိတ်(၁)လုံးနှင့်အတူ တွေ့ရှိရသဖြင့် သက်သေများနှင့်အတူ ရှာဖွေရာ ကျောပိုးအိတ်အတွင်းမှ ဇစ်ဆွဲပါအမဲရောင် သားရေအိတ်အတွင်း အပြာရောင်ပလပ်စတစ်အိတ်ငယ်ဖြင့် ထည့်လျှက် (WY) စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားဟု ယူဆရသော (၁)ထုပ်လျှင် (၂၀၀)ပြားစီပါ (၂)ထုပ်၊ အပြာရောင်ပလပ်စတစ်အိတ်ငယ်အတွင်း ပိုက်လုံးများဖြင့်ထည့်ထားသော (WY)စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၅)ပြား ၊ စုစုပေါင်း (၄၂၅)ပြား အလေးချိန် (၄၂.၅)ဂရမ်နှင့် မူးယစ်ဆေးဝါးရောင်းချငွေ (၂၀၁၀၀၀ိ/) တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။ 
 

ဆက်လက်၍ ဒုရဲအုပ် ထွန်းထွန်းနိုင်နှင့် အဖွဲ့သည် ထွန်းမင်း(ခ) အာဖွီအား စုံစမ်း ဖမ်းဆီးရာ ယင်းနေ့နံနက် (၁၁း၀၀)နာရီ အချိန်တွင် ညောင်ပင်ကွင်း အရှေ့ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာတွင် ဖမ်းဆီး ရမိဆေးပြားများအား လွန်ခဲ့သော (၄)ရက်ခန့်က ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ထုံတော်ကျေးရွာနေ လာမဇန်(ခ)အောင်မိုးမှ (၁)ပြားလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် နေအိမ်သို့ လာရောက်ရောင်းချပေးကြောင်း ထွက်ဆိုသဖြင့် လာမဇန်(ခ)အောင်မိုးအား ဆက်လက်စုံစမ်းဖမ်းဆီးရာ သဘော့လိပ်ကျေးရွာ ရွာလယ်လမ်းကြီးတွင် ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ (WY) စာတန်းပါ ပန်းရောင်းစိတ်ကြွဆေးပြားများအား လက်ဝယ်တွေ့ရှိသူ မဇင်ဇင်နွယ်(ခ)၀ါဟီတာ၊ သဘော့လိပ်ကျေးရွာနေသူနှင့် စိတ်ကြွဆေးပြားများအား ရောင်းချသူ ထွန်းမင်း(ခ) အာဖွီ၊ သဘော့လိပ်ကျေးရွာနေသူ၊ လာမဇန်(ခ)အောင်မိုး၊ ထုံတော်ကျေးရွာနေသူတို့အား တနင်္သာရီမြို့မရဲစခန်း မယ(ပ) ၆/၂၀၁၅၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိပါသည်။

0 comments: