Monday, May 11, 2015

ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်း (၁/၂၀၁၅) ဆင်းပွဲ မြိတ်မြို့၌ ကျင်းပ

ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်း (၁/၂၀၁၅) ဆင်းပွဲ မြိတ်မြို့၌ ကျင်းပ

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်း (၁/၂၀၁၅) ဆင်းပွဲကို မေလ(၈)ရက် နံနက်(၁၀)နာရီက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းတွင် ကျင်းပခဲ့ရာ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်နိုင်က အမှာစကား ပြောကြားသည်။


ယင်းနောက် မြိတ်ခရိုင်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးဝင်းမြင့်က ရွေးကောက်ပွဲ ကော်မရှင် လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ မြိတ်မြို့နယ် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးငွေဝင်းက ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ နည်းဥပဒေများနှင့် ယခင်နှစ် အတွေ့အကြုံများကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ကြသည်။

အဆိုပါ သင်တန်းကို မေလ(၆)ရက်နေ့မှ (၈)ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ပြီး မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးမှ ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆောင်ရွက်ရမည့် လုံခြုံရေးဆိုင်ရာ သိကောင်း စရာများကို လည်းကောင်း၊ မြိတ်ခရိုင် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးဝင်းမြင့်က ရွေးကောက်ပွဲဆိုင်ရာ သိကောင်း စရာများနှင့် မြိတ်မြို့နယ် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးငွေဝင်းက ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေ နည်းဥပဒေများ အကြောင်းကို လည်းကောင်း ဆွေးနွေး ပို့ချခဲ့ပြီး သင်တန်းသား တပ်ဖွဲ့ဝင် အရာရှိ (၂၄)ဦးနှင့် အခြားဆင့်(၄၆)ဦး စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 ( မြိတ်ခရိုင် ပြန်/ဆက်)

0 comments: