Monday, May 4, 2015

တနင်္သာရီမြို့တွင် ဒုတိယအကြိမ်မြောက် ကဆုန်ညောင်ရေသွန်း ပွဲတော်ကျင်းပပြုလုပ်



တနင်္သာရီမြို့တွင် ဒုတိယအကြိမ်မြောက် ကဆုန်ညောင်ရေသွန်း ပွဲတော်ကျင်းပပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ မြို့ဦး ပရိယတ္တိ စာသင်တိုက် ဘုန်းကြီးကျောင်း၌ ၂၀၁၅ ခုနှစ်၊ မေလ (၂)ရက်နေ့တွင် တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ ဦးစီး၍ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့သူမြို့သား များမှ စုပေါင်း၍ ကဆုန်လပြည့်နေ့ ညောင်ရေသွန်း ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ပါသည်။







ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ မြို့ဦးကျောင်း ဆရာတော် ဦးဇောတိကထံတွင် ငါးပါးသီလ ခံယူကာ တရားတော် နာကြားပြီး မြို့ဦးကျောင်းရှီ မဟာဗောဓိပင်တော်နှင့် ကိန်းဝပ် စံပယ်တော်မူနေသော ရုပ်ပွားတော် တို့အား အမွှေး နံ့သာရေများဖြင့် ပူဇော်ခြင်း၊ ပန်း၊ ဆီမီးများ ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: