Tuesday, May 26, 2015

အောင်ပွဲရ ပင်လယ်ပျော်တို့ ပြန်လာပြီ

ရန်ကုန်နှင့် နေပြည်တော်သို့ လေ့လာရေး ခရီးသွားရောက်သည့် ရေကြောင်းလူငယ် သင်တန်းသားများ မြိတ်မြို့သို့ ပြန်လည်ရောက်ရှိ

မြိတ်မြို့နှင့် ကျွန်းစုမြို့တို့တွင် ဖွင့်လှစ်ခဲ့သည့် ရေကြောင်းလူငယ်သင်တန်း အခြေခံနှင့် တန်းမြင့် သင်တန်း (၁/၂၀၁၅) မြိတ်စခန်းနှင့် ကျွန်းစုစခန်း မှ သင်တန်းသား သင်တန်းသူ များသည် ရန်ကုန်မြို့နှင့် နေပြည်တော် တို့တွင် ရက်သတ္တ (၁)ပတ်ကြာ လေ့လာရေး ခရီး သွားရောက်ခဲ့ရာမှ ယနေ့ ၂၀၁၅ ခုနှစ် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့သို့ တပ်မတော် လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိ ခဲ့သည်။

 
 



ထိုသို့ မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် သင်တန်းသား သင်တန်းသူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဒုတိယ ဌာနချုပ်မှူးနှင့် အရာရှိ စစ်သည်များ၊ သင်တန်းသား သင်တန်းသူများ၏ မိဘ ဆွေမျိုးများက မြိတ်လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ရေကြောင်း သင်တန်းသား သင်တန်းသူများသည် နေပြည်တော် ဇေယျာသီရိ ဗိမာန်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဂုဏ်ပြုတွေ့ဆုံ နုတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း၊ တပ်မတော် စစ်သမိုင်း ပြတိုက်တွင် လေ့လာခြင်း၊ နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများ ဖူးမြော်ခြင်း၊ တိရစ္ဆာန် ဥယျာဉ်နှင့် ရေပန်း ဥယျာဉ် အစရှိသည့် လေ့လာဖွယ်ရာ နေရာများသို့ သွားရောက်ခြင်း စသည်တို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြောင်း သင်တန်းသား/သူ များသည် ရန်ကုန်မြို့တွင် မြန်မာတစ်နိုင်ငံတွင် ဖွင့်လှစ်ထားသော ရေကြောင်းသင်တန်း (၆)ခုမှ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး လှေလှော်၊ အချက်ပြ ဆက်သွယ်ရေး၊ အခြေခံ စစ်ရေးပြ၊ ကြိုးချည် ကြိုးထိုးနည်း စသည့် ဘာသာရပ် အလိုက် ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး ဆုများ (၂၅)ဆု ချီးမြှင့်ခဲ့သည့်အနက်  ဆုပေါင်း (၁၄)ဆု ရရှိခဲ့ကြောင်း သတင်းရရှိသည်။

0 comments: