Saturday, December 14, 2013

မြိတ်မြို့တွင် ဒီဇင်ဘာ အားကစားလ ဒုတိယအပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ


မြိတ်ခရိုင် မြိတ်မြို့၏ ၂၀၁၃ခုနှစ် ဒီဇင်ဘာ အားကစားလ ဒုတိယအပတ် လူထုစုပေါင်း လမ်းလျှောက် ပွဲကို ဒီဇင်ဘာလ (၁၄)ရက် နံနက်(၅း၁၅)နာရီတွင် မြိတ်မြို့ မြို့မ အားကစားကွင်းရှေ့မှ စတင်၍ မြစ်ငယ်ရပ် ဗဟိုလမ်း၊ ထားဝယ်စုရပ် ဗိုလ်ချုပ်လမ်း၊ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်း၊ ဗောတံတားလမ်း၊ ကမ်းနားလမ်း၊ နာရီစင်လမ်း မှ ဗိုလ်ချုပ်လမ်း အတိုင်း ပြန်လည် လျှောက်လှမ်းခဲ့ကြပြီး မြို့မ အားကစားကွင်း အတွင်းတွင် အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။







အဆိုပါ လူထုစုပေါင်း လမ်းလျှောက်ပွဲကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ခရိုင်/ မြို့နယ် ဌာန ဆိုင်ရာ ၀န်ထမ်းများ၊ ပြည်သူများ၊ ကျောင်း သား /သူများ၊ အားကစား ၀ါသနာရှင်များ စုစုပေါင်း (၄၀၃၀)ဦးခန့် တပျော်တပါး စုပေါင်း လမ်းလျှောက်ခဲ့ကြပြီး မြို့မအားကစားကွင်း အတွင်းတွင် စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

လမ်းလျှောက်ပွဲ အပြီးတွင် မြို့မအားကစားကွင်း အတွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား /သူများနှင့် အားကစား ၀ါသနာပါသူများ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြိတ်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဌ ဦးလွင်ကိုဦးမှ ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

မြိတ် ပြန်/ဆက်

0 comments: