Sunday, December 8, 2013

မြိတ်မြို့၌ ဆီးဂိမ်းဂုဏ်ပြု စက်ဘီးနင်းပွဲတော် ကျင်းပ


မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပပြုလုပ်လျက် ရှိသော (၂၇)  ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ (Sea Game ) အား ဂုဏ်ပြုသော အားဖြင့် စက်ဘီးနင်းပွဲတော်အား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် (၆)နာရီ (၁၅) မိနစ် အချိန်တွင် ပြုလုပ်ကျင်းပရာ စက်ဘီး အစီး (၄၀၀) နီးပါး ပါဝင်ဆင်နွဲကြသည်။ 

ပထမဦးစွာ မြိတ်မြို့ မြိတ်တောင်နယ်မြေ မြို့သစ်(၇) ရပ်ကွက် ပြည်သာယာ လမ်း စုရပ်မှ စတင် တာထွက်ပြီးနောက် မြိတ်တောင်နယ်မြေ ဦးမြတ်လေးလမ်း၊ အလယ်ကျွန်းနယ်မြေ ဘုရားကိုင်လမ်း၊ မင်္ဂလာလမ်း၊ ကန်ခေါင်းရပ်ကွက် ၊ ကရာနီ လမ်းဆုံဖြတ်သန်းပြီး မြေနီလမ်းမှ တစ်ဆင့် လေယာဉ်ကွင်းလမ်း၊ ကြံတော ကျွဲကူးလမ်းမကြီး၊ ကန်ဖျားလမ်းမကြီး၊ ထားဝယ်စု နာရီစင်လမ်း၊ ကမ်းနားလမ်း ကုန်တိုက်၊ ကမ်းနားလမ်းမကြီး ၊ တလိုင်းစု ဗိုလ်ချုပ်လမ်း၊ နောက်လယ် (၇) လမ်း၊ ပိတောက်ရွှေဝါလမ်းမကြီး မှတဆင့် စုရပ်နေရာ ဖြစ်သည့် ပြည်သာယာ လမ်းတွင် ပြန်လည် ပန်းဝင်ကြသည်။ 




ထို စက်ဘီးနင်း ပွဲတော်သို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး ၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေး ပါဝင်ယှဉ်နွဲကြပြီး ၊  အားကစားဝါသနာရှင်များ  စုစုပေါင်း စက်ဘီး အစီး (၄၀၀)ခန့်ပါဝင် စီးနင်းခဲ့ကြသည်။ စက်ဘီးစီးနင်းရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယ်ာတွင် မြိတ်မြို့ပေါ်ရှိ ပြည်သူလူထုများ တစ်ခဲနက် အားပေးခဲ့ကြသည်။ 

ထိုသို့ ဆီးဂိမ်း ဂုဏ်ပြု စက်ဘီးစီးနင်းပွဲ ဖြစ်မြောက်ရေး အတွက် အဓိက ကူညီ ပံ့ပိုးပေးကြသူများမှာ မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ ကိုနိုင်ဦး + မမိုးမိုးဆင့် (ဂျပန်စက်ဘီး အရောင်းဆိုင်)၊ ဦးလှဝင်း + ဒေါ်အေးအေးသွယ် (ဇင်ယော်မင်း သောက်ရေသန့်)၊ ရွှေနန်းတော် မုန့်တိုက် မိသားစု၊ ဦးမောင်ယု + ဒေါ်နီနီဝင်း (အောင်မြင့်ရ်မို ရေခဲစက်)၊ ကိုခင်အောင်ဇော် (Blue Mountain) တို့ ဖြစ်ပြီး ၄င်းတို့ အနေဖြင့် ဦးထုပ်များ ၊ တီရှပ်များ၊ သောက်ရေသန့်နှင့် စားစရာများ ၊ စက်ဘီးများ နှင့် အခြား ကုန်ကျစရိတ်များ ပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments: