Saturday, December 14, 2013

အမျိုးသမီး တစ်ဦး ဒဏ်ရာများနှင့် သေဆုံး




၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် (၇)နာရီ (၃၀) မိနစ် အချိန်တွင် တွင် မြိတ်မြို့ စန္ဒကျေးရွာ အုပ်စု ကျွဲကူးကျေးရွာ တပ်ဦး တောရကျောင်း အနောက်ဘက်တွင် အမျိုးသမီး တစ်ဦး ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သတင်းရ၍ ကျွဲကူး ရဲစခန်းမှ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒေါ်မြတ်မြတ်မိုး  ၊ အသက် (၄၅)နှစ်၊ (ဘ) ဦးကျော်မြင့် ၆/မအရ(နိုင်) ၀၁၀၇၁၉ တကူသံတိုက်ရွာ တနင်္သာရီ မြို့နယ်တွင် နေထိုင်သူ  ၄င်းမှာ စိတ်ဝေဒနာ အနည်းငယ် ခံစား နေရကြောင်း သိရှိရသည်။ 




သေဆုံးသူမှာ ဦးခေါင်းနှင့် မျက်နှာ များတွင် ပွန်းပဲ့ ဒဏ်ရာများ ၊ နားသွေးထွက် ဒဏ်ရာများနှင့်  နံရိုး (၂) ချောင်း ကျိုးပြီး သေဆုံး နေသည်ကို တွေ့ရှိရပြီး အလောင်းအား ရင်ခွဲရုံသို့ ပေးပို့ပြီး စစ်ဆေးချက်အရ ရရှိသော ဒဏ်ရာများမှာ ယဉ်တစ်စီးစီးဖြင့် တိုက်မိ ပြုတ်ကျရာမှ ရရှိသော ဒဏ်ရာ ဖြစ်နိုင်ကြောင်းနှင့် ယာဘက် နံရိုး (၂)ချောင်း ကျိုးခဲ့သော်လည်း ဦးခေါင်း ဒဏ်ရာကြောင့် ဦးနှောက် အတွင်း သွေးယိုစီး မှုကြောင့် သေဆုံးခြင်း ဖြစ်ရကြောင်း သိရသည်။ 

ထိုအမှုနှင့် ပတ်သက်ပြီး ဒေါ်မြတ်မြတ်မိုးအား သေဆုံးစေသူ ယာဉ်မောင်းအား စုံစမ်းစစ်ဆေးနိုင်ရန် အတွက် မြိတ်မြို့မ ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၆၄၈ / ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၃၀၄ (က)/ ၂၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

0 comments: