Tuesday, December 31, 2013

မြိတ်မြို့ ခေတ်မီ အဝေးပြေးကားဝင်း တည်ဆောက်ရန် အတွက် လုပ်ငန်းများ ဆောင်ရွက်

မြိတ်မြို့ ခေတ်မီ အဝေးပြေးကားဝင်းတည်ဆောက်ရန်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်လျက် ရှိပြီဖြစ်သည်။ အဆိုပါ အဝေးပြေး ကားဝင်းသည် မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက်ကွင်း ကွင်း အမှတ် ၂၃၇ စက်မှုဇုံ သွားကား လမ်းမ နံဘေးတွင် တည်ရှိပါသည်။ အဝေးပြေး ကားဝင်းအား မြိတ် အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ တာဝန်ယူ၍ လုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိသည်။


မြိတ် အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ မြိတ်ဒေသဖွံဖြိုး တိုးတက်ရေး အတွက် ခေတ်မီ အဝေးပြေး ကားဝင်း တည်ဆောက် မည့်မြေနေရာတွင် ခေတ်မီ ကားဝင်း တည်ဆောက်ရန် အတွက် မြေဧက ၄၆.၄၀ဧက မြေယာပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ခေတ်မှီ အဝေးပြေးကားဝင်း တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်လာပါက ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကာ ဆင်းရဲမှုများလျော့ချရေးတွင် အထောက်အကူပြုမှာဖြစ်သည်။

အဆိုပါ ခေတ်မှီ အဝေးပြေးကားဝင်း တည်ဆောက်ပြီးစီး ပါက မြိတ်မြို့ ဒေသခံပြည်သူ များ၏ ခရီးသွား လုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှုများ ပိုမိုအကျိုးရှိ လာမှာဖြစ်ပြီး ကုန်သည်ကူးသန်းရောင်းဝယ်မှုတွေလည်း ပိုမို တိုးတက်လာမှာဖြစ်သည်။

မြိတ်ဒေသ၏ ခေတ်မီ အဝေးပြေးကားဝင်းသည် မောတောင်နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ခု ကားဝင်းတစ်ခုဖြစ်လာမှာဖြစ်ပြီး ပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိလာမည်ဖြစ်သောကြောင့် စီးပွားရေးများ တိုးတက်ကောင်းမွန်လာခြင်း၊ လူနေမှုများ အဆင့်အတန်း မြှင့်မားလာခြင်း စသော အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်း သတင်း ရရှိသည်။

မြိတ် ပြန်/ဆက်

0 comments: