Wednesday, December 11, 2013

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ၌ ယဉ်တိုက်မှုဖြစ်ပွား အဖွားအို တစ်ဦး သေဆုံး



ကျွန်းစုမြို့နယ် ကံမော်ကျေးရွာတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက် နံနက် ()နာရီ အချိန်တွင် ကံမော်ကျေးရွာ အရှေ့ပိုင်း၌ အမျိုးသမီး တစ်ဦးအား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကံမော်တိုက်နယ်ဆေရုံ၌ တက်ရောက် ဆေးကုသ ခံယူနေစဉ်  ဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့သည်။


ဖြစ်စဉ်မှာ ကံမော်ကျေးရွာရှိ အေးမြသာယာ ဘုန်းတော်ကြီး ကျောင်းပိုင် အီဇူးဇူး အမျိုးစား ယဉ်အမှတ် G1/YGN 3191 အပြာရောင် ဒိုင်နာယဉ်သည် သဲတင်ရန် အတွက် ကံမော်ရွာ အရှေ့ပိုင်း၌ ရပ်နားထားရာ ယဉ်မောင်းဖြစ်သူ ကိုစိုးအောင်မှာ ကားနံဘေး၌ ရပ်နေစဉ် ယုလွင် အသက် (၄၂) နှစ်၊ () ဦးအိုထွေး၊ ဗမာ/ဗုဒ္ဓ ကံမော်ကျေးရွာ နေသူသည် ကားအား သော့ဖွင့် တက်ရောက် မောင်းနှင်ရာ ကားမှာ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် လမ်းဘေးမှ လမ်းလျောက်လာ သူ ဒေါ်ဖြူထွန်း အသက် (၈၉) နှစ်၊ () ဦးဖြူသက်၊ ဗမာ/ဗုဒ္ဓ ကံမော်ရွာ နေသူအား ၀င်ရောက် တိုက်မိခဲ့ပြီး ယာဉ်မှာ တိမ်းမှောက်သွားခဲ့သည်။

၎င်း ယဉ်တိုက်မှုကြောင့် ဒေါ်ဖြူထွန်းမှာ ပေါင်နှင့် ဒူးနှစ်ဖက်စလုံး ကျိုး၍ ဘယ်ဘက် လက်ပါ ကျိုးပြီး ၀မ်းဗိုက် ထိခိုက် ဒဏ်ရာ အသီးသီး ရရှိကာ ကံမော် တိုက်နယ်ဆေရုံ၌ တက်ရောက် ဆေးကုသခံယူနေ စဉ် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၀) ရက် (၁၀း၅၀) အချိန်တွင် ရရှိထားသော ဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့သဖြင့် ကံမော် နယ်မြေ ရဲခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ကျွန်းစု ပြန်/ဆက်

0 comments: