Tuesday, December 31, 2013

ဘုတ်ပြင်းမြို့နယ်၊ ပင်လယ်ပြင် အတွင်း လှိုင်းကြီး၍ ““ငွေမိုးဖြူ””ကုန်တင်စက်လှေ ၀မ်းဗိုက်ပျဉ်ချပ်များ ကွဲပြီး ရေ၀င်နစ်မြုပ်



၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် နာရီ ၃၀ မိနစ် အချိန် မြိတ်မြို့မှ ကော့သောင်းမြို့သို့ ထွက်ခွာ လာသည့် မြိတ်မြို့၊ ရွှေပြည်တန် ရပ်ကွက်နေ ဦးထွန်းပို(၆၈)နှစ် မောင်းနှင်ပြီး ကျွန်းစုမြို့နယ်၊ မရမ်းချောင်း ကျေးရွာနေ လှေထိုးသား ဇင်ဖြိုးဦး(၁၈)နှစ်ပါ (၁၁)ဦး လိုက်ပါ လာသည့်  အလျား ၁၂၀ ပေ၊ အနံ ၂၂ ပေ၊ ရေစူး ၁၁ ပေ၊ HINO EK - 110 ()လုံးတပ်  ““ငွေမိုးဖြူ”” အမည်ရှိ သစ်သား ကိုယ်ထည် ကုန်တင်စက်လှေသည် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းနှင့် အလယ်မန် ကျွန်းကြား၊ ပင်လယ်ပြင် အရောက်၌ လှိုင်းကြီးသောကြောင့် လှေဝမ်း ဗိုက်ပျဉ်ချပ်များ ကွဲထွက်ကာ ရေ၀င်၍ နစ်မြုပ် သွားခဲ့သည်။


 
ထိုသို့ နစ်မြုပ်မှုကြောင့်  စက်လှေပေါ်တွင် တင်ဆောင် လာသော ဆင်ဘိလပ်မြေ ၁၀၀၀ အိတ်၊ မြေသြဇာ ၈၀၀ အိတ်၊ မုန့် ၃၀၀ ပါကင်၊ ဆပ်ပြာမှုန့် ၁၅၀ ပါကင်၊ အချိုရည် ၁၅၀ ပါကင်၊ ငါးဖမ်းပိုက် ၃၀၀ ကီလို၊ ကြိုး ၂၀၀ ကီလို၊ ပလပ်စတစ်ခြင်း ၂၀၀ ကီလို၊ LEO တံခါးရွက် ၅၀ ချပ်၊ Food Carrier ၂၀၀၀ လုံး၊ ဖော့ပုံးတွဲ ၁၅၀ ကီလို၊ စုစုပေါင်းကုန်တန်ချိန်(၁၄၀) တန်ဘိုးငွေကျပ် သိန်း(၂၅၀)နှင့် စက်လှေ တန်ဘိုးငွေ ကျပ်သိန်း(၈၀၀) စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း(၁၀၅၀)ခန့် ပျက်စီး ဆုံးရှုံး ခဲ့ကြောင်းနှင့် ပဲ့နင်းဦးထွန်းပိုနှင့် လှေသား(၁၁)ဦးတို့အား အနီးပတ်ဝန်းကျင်ရှိ ““အောင်စိန်မြတ်-”” ကုန်တင် စက်လှေမှ ကယ်ဆယ်နိုင်ခဲ့ပြီး ဖော်ကျူး အမြန်ရေယာဉ်(၇၇)ဖြင့် လိုက်ပါခဲ့ရာ မြိတ်မြို့သို့  ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်

0 comments: