Friday, December 20, 2013

မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေပြန်လည် ကောက်ခံရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ


မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၊ မြိတ်ခရိုင် ဘဏ်ခွဲ အနေဖြင့် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် အတွင်း ထုတ်ချေး ထားသော၂၀၁၃ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို သီးနှံပေါ်ချိန် ဒီဇင်ဘာလမှ မတ်လအတွင်း ကောက်ခံပြေကျေ နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ၁၈-၁၂-၂၀၁၃ရက်နေ့ နံနက် ၀၉း၃၀နာရီတွင် ဘဏ်ခွဲတွင် ကျင်းပခဲ့သည်။

  
အစည်းအဝေးတွင် ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးရွှေဟို က ချေးငွေကို()ဧက ကျပ်()သိန်းနှုန်း ထုတ်ချေး ထားသဖြင့် တောင်သူများ ပြန်လည် ပေးဆပ်ရမည့် ငွေပမာဏ များပြားကြောင်း၊ ငွေကြေး အမှားအယွင်းနှင့် ဆုံးရှုံးမှုများ မရှိစေရေး ဂရုပြု ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပေးဆပ်ငွေကို ချေးငွေ ညွှန်ကြားချက် နှင့်အညီ ငွေချေးသူ ကိုယ်တိုင် ဘဏ်သို့ လာရောက် ပေးဆပ်စေရန် ဖြစ်ကြောင်း ကိုယ်စားလှယ်ဖြင့် ပေးဆပ်စေခြင်း၊ ငွေလက်ခံ ပိုင်ခွင့် မရှိသူများအား ပေးဆပ် ခြင်းများကြောင့် ငွေကြေး ဆုံးရှုံးမှု များ ဖြစ်ပေါ်နိုင် သဖြင့် ပညာပေး စည်းရုံး ပေးစေလိုကြောင်း၊ ကျေးရွာ ချေးငွေ စိစစ်ရေး အဖွဲ့များ အနေဖြင့်လည်း သတ်မှတ် ကာလ အတွင်း ချေးငွေ ရာနှုန်းပြည့် ကောက်ခံ ပြေကျေနိုင်ရေး ညွှန်ကြားချက်နှင့် အညီကူညီ ဆောင်ရွက်ပေးကြစေ လိုကြောင်းအသေးစိတ် ရှင်းလင်း ဆွေးနွေး ခဲ့သည်၊

ထိုနောက် အစည်းအဝေး တက်ရောက်သည့် မြိတ်မြို့နယ် ကျေးရွာအုပ်စု (၁၇)အုပ်စုနှင့် ကျွန်းစုမြို့နယ် ကျေးရွာ အုပ်စု ()အုပ်စုမှ ချေးငွေ စိစစ်ရေး အဖွဲ့  ဥက္ကဌ၊ အတွင်းရေးမှူး များက ပြန်လည် ညှိနှိုင်း ဆွေးနွေးကြပြီး အစည်းအဝေးကို နံနက် ၁၁း၀၀ နာရီတွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

0 comments: