Wednesday, December 18, 2013

ကော့သောင်း သူဌေးကျွန်း ၀န်ထမ်းများ၏ ဒုက္ခ တိုင်းဒေသကြီး ၀န်ကြီးချုပ် ကူညီပေးပါ




တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရ ၀န်ကြီးများရှင့်  …. ကျွန်မတို့သည် ကော့သောင်း သူဌေးကျွန်း ဟိုတယ်မှာ အလုပ်လုပ်ကြတဲ့ ၀န်ထမ်းလေးများ ဖြစ်ကြ ပါသည်ရှင့်။ အလုပ်လုပ်တာ နှစ်နှစ် သုံးနှစ်ရှိ ပါပြီ။ လခ ဘတ် ၃၀၀၀ ကျော်နှင့် မိသားစုစားဝတ်နေ ရေးကို ရပ်တည်နေရ ပါသည်။ အခု ဟိုတယ်မှ လခနှင့် service charge များ မရှင်းပေးနိုင်ပါ သဖြင့် ကျွန်တော် ကျွန်မတို့ အခက်အခဲဖြစ်နေ ပါသည်။ ပြီးခဲ့သော လစာ မရသေးသဖြင့် ကျပ်တည်း လာရပါသည်။ service charge လည်း မရသေးပါ။ အခုဆိုရင် လလည် ရောက်နေပြီး လခလည်း ဘယ်အချိန်မှ ထုတ်မယ်ကို မကြားသိရသေးပါ။ show ပွဲတွေ တစ်ပွဲပြီး တပွဲလုပ်ပြီး ပင်ပန်းစွာ အလုပ်လုပ်ရ ပြီးတော့ လခလည်း မရကြတော့ ၀န်ထမ်းများလည်း စိတ်ပျက်နေကြ ပါပြီ။ အခုဆိုရင် ၁၉ရက်နေ့ကျ ရင်showပွဲရှိလို့ကျွန်မတို့ အလုပ်ပင်ပန်းကြရအုံးမယ်။ ၀န်ထမ်းများကို မငဲ့ကွက်သည့် ဟိုတယ်ပိုင် ရှင်နှင့်မိသားစုတို့ကို နဲနဲဖိအားပေး ပြောပေးကြပါလို့ ကျွန်မတို့အကူအညီ တောင်းခံအပ် ပါသည်။ 




တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ဖြေရှင်းပေးနိုင်ကြ မည်လို့ကျွန်မတို့ ယုံကြည် ပါသည်။ ကောသော့င်းမှ ခ၇ိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှုးတို့ကလည်း ၀ိုင်းဝန်းဖြေရှင်း ပေးကြပါလို့ ကျွန်မတို့ အသနားခံ ပန်ကြားအပ်ပါ သည်၇ှင့်။
ကျေးဇူးတင်ပါသည်။

0 comments: