Tuesday, December 17, 2013

လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါ ဥယျာဉ် ( Marine National Park )


တနင်္သာရီတိုင်း၊  ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့  နယ်၊  အန်ဒမန်ပင်လယ်ပြင်အတွင်းရှိ  ကျွန်းတန်းရှည်() လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါ ဥယျာဉ် ( Marine National Park ) သည် ကော့သောင်းမြို့မှ ရေမိုင်(၆၀) ဘုတ်ပြင်းမြို့မှ ရေမိုင် (၄၀)ကွာဝေးပြီး မြောက် လတ္တီတွဒ် ၁၀ဒီဂရီ ၃၂ မိနစ်နှင့် ၁၁ ဒီဂရီ ၀၂မိနစ်ကြား၊ အရှေ့  လောင်ဂျီကျု ခန့်မှန်း ၉၇ဒီဂရီ ၅၉မိနစ်နှင့် ၉၈ဒီဂရီ ၂၃မိနစ်ကြားတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏  တစ်ခုတည်းသော အဏ္ဏ၀ါ ဥယျာဉ်ဖြစ် ပါသည်။ 



  စတုရန်းမိုင်(၇၉. ၀၄)မိုင်(50617 ဧက) ကျယ်ဝန်းကာ တောင်မြောက် အရှည်မိုင်(၃၀) အရှေ့အနာက် အကျယ်ဆုံး()မိုင်ခန့်ရှိ ပါသည်။ ပူ အိုက်စွတ်စိုသော ရာသီဥတုရှိပြီး တစ်နှစ်လျှင်ပျမ်းမျှ မိုးရေချိန် လက်မ(၂၀၀)ခန့် ရွာသွန်းပါသည်။

လန်ပိကျွန်းနှင့် အရံ ကျွန်းငယ်များအား အမျိုးသား အဏ္ဏ၀ါ ဥယျာဉ် ( Marine National Park )အဖြစ် ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် သစ်တောရေးရာ ၀န်ကြီးဌာန အမိန့်ကြော်ငြာ စာအမှတ်(၄၀/၉၆)ဖြင့် သတ်မှတ်ပေး ခဲ့ ပါသည်။

အမျိုးသား အဏ္ဏ၀ါဥယျာဉ် ( Marine National Park )အဖြစ် သတ်မှတ်ရခြင်းမှာ လန်ပိ လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါဥယျာဉ် ( Marine National Park )ရှိ သဘာဝသစ်တောများ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ သန္တာကျောက်တန်း များနှင့် ဆလုံ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် တည်တံ့စေရန်၊ ကျွန်းကြီးပေါ်ရှိ ရုက္ခဗေဒဆိုင်ရာ၊ သတ္တဗေဒ ဆိုင်ရာနှင့် ဘူမိဗေဒ ဆိုင်ရာပညာရပ် များကို လေ့လာနိုင်ရန်၊ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် သစ်တော ဦးစီးဌာနမှ သိပ္ပံနည်းကျ လေ့လာ၍ သုတေသနပြု ထိန်းသိမ်း ကာကွယ် သွားနိုင်ရန် ဖြစ်ပါသည်။



လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါ ဥယျာဉ် ( Marine National Park )ဧရိယာတွင် အရံကျွန်းငယ်များဖြစ်သော ၀ါးကျွန်း (ကျွန်းငယ်သုံးကျွန်းရှိ ပါသည်) မကြုံဂလက်ကျွန်း၊ ရေကျွန်း၊ ပလောကပ်ကျွန်း၊ ကိုဖေါ့ကျွန်း၊ လိပ်ဥကျွန်း (/) ခူကြီးကျွန်း၊ စစ်တပ် ဂလက်ကျွန်းများ ပါဝင်ပါသည်။

လန်ပိကျွန်း တ၀ိုက်တွင် ဆလုံရွာငယ်()ရွာရှိပြီး ဂျလန်းကျွန်းဆလုံရွာနှင့် မကြုံဂလက် ဆလုံရွာများ ဖြစ်ပါသည်

ကျွန်း၏ အရှေ့ဘက်တွင် ၀ါးကျွန်း၊ အနောက်ဘက်တွင် ၀ါးအလယ်ကျွန်းနှင့် စစ်တပ် ဂလက်ကျွန်း၊ ကျွန်းမဲကြီးကျွန်း၊ လန်ပိကျွန်း တောင်ဘက် အော်ထဲတွင် ငှက်သိုက်ကျွန်း (ကိုဖေါ့ကျွန်းစု)တို့ ရှိပြီး ငှက်သိုက် ထုတ်လုပ်လျှက်ရှိပါသည်။ တောင်ဘက်တွင် ကျွန်းနှင့် တစ်ဆက်တည်း  မကြုံဂလက်ကျွန်း ရှိကာ ရေလုပ်ငန်းကို လုပ်ကိုင်သော ရိုးသားသည့် ဒေသခံ ဆလုံ(မွန်ကင်း) လူမျိုးများနေ ထိုင်သည့် မကြုံဂလက် ကျေးရွာရှိပြီး  ကျေးရွာတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ပါသည်။

 လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါ ဥယျာဉ် ( Marine National Park ) တောအမျိုးအစားများမှာ ဒီရေတော၊ သဲသောင်ခုံတော၊ အပူပိုင်း အမြဲစိမ်းတော၊ စွတ်စို အမြဲစိမ်းတောတို့ ဖြစ်ပါသည်။ ကျွန်းပေါ်တွင် သဲသောင်ခုံတော (ပင်လယ် ကဗွီးတော) ရွှံ့နွံတော၊ ဒီရေတော၊ မိုးများ အမြဲစိမ်းတော်များကို ထင်ရှားစွာ တွေ့မြင်ရပြီး လမု၊ လမဲ့၊ တရော၊ မယ်ဒမ၊ ဗြု၊ ဗြုဥတစ်လုံး၊ ဗြုခြေထောက် အပင်ကြီးများ များစွာ ပေါက်ရောက်လျှက်ရှိ ပါသည်။



လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါဥယျာဉ် ( Marine National Park )တွင် အပင်မျိုးစိတ်ပေါင်း (၂၀၁)မျိုးရှိကာ မျိုးစိတ် မခွဲခြားနိုင်သော အပင်()မျိုး၊ ဒီရေတော အပင်မျိုးစိတ်()ခု ရှိ ပါသည်။

လန်ပိကျွန်းနှင့် ၀န်းကျင် တ၀ိုက်တွင် စွန်ခေါင်းဖြူ၊ ၀န်လို၊ ၀န်လက်၊ ဇင်ယော်၊ ဘွတ်ဂလုံ၊ ဘုတ်၊ ကျီးကန်းနှင့် အခြား အုပ်စုဖွဲ့နေထိုင်သော ငှက်များအပါအ၀င် ငှက်မျိုးစိတ်ပေါင်း (၁၂၂)မျိုးရှိပြီး ၂၀၁၁ခုနှစ် စာရင်းအရ ငှက်ကောင်ရေ(၁၃၉၅)ကောင် ရှိကြောင်း မှတ်တမ်းတင် ထားရှိ ပါသည်။ မျိုးတုံးရန် အလားအလာရှိပြီး ဆက်လက် ထိန်းသိမ်းခြင်း မရှိပါက နောင်နှစ်(၅၀)အတွင်း မျိုးပြုန်းနိုင်သော ငှက်()မျိုး၊ နောင်နှစ်(၁၀၀) အတွင်း မျိုးပြုန်း နိုင်သော ငှက်(၁၀)မျိုး စာရင်းကောက်ယူထားရှိ ပါသည်။

နို့တိုက် သတ္တ၀ါများဖြစ်သော ဆင်၊ လင်းပိုင်၊ ဂျီလောင်၊ တောဝက်၊ သင်းခွေချပ်၊ မျောက်၊ ရှဥ့်၊ ကြွက်နှင့် လင်းနို့ စသည့် မျိုးစိတ်ပေါင်း(၂၁)ခုအား မှတ်တမ်းတင်ထားရှိ ပါသည်။


ငါးပုစွန် အုပ်စု(၁၈)ခု(၇၈မျိုး)နှင့် တွားသွား သတ္တ၀ါများအဖြစ်၊ ဖွတ်၊ စပါးကြီးမြွေ၊ စပါးအုံးမြွေ၊ မြွေစိမ်းမြီးခြောက်၊ လိပ်ပုတ်၊ လိပ်ကြည်(သို့) ကြယ်လိပ်၊ ပြင်သာလိပ်၊ လိပ်ခွန်များအား မှတ်တမ်းတင်ထားရှိ ပါသည်။

အဏ္ဏ၀ါဗေဒဆိုင်ရာ အပင်များ အဖြစ် ရေညှိ၊ ရေမှော်မျိုးစိတ် (၅၄)မျိုး၊ ပင်လယ်မြက် မျိုးစိတ် (၁၀)မျိုး၊ ကျောရိုးမဲ့ မျိုးစိတ်(၁၈၉)မျိုး၊ စုစုပေါင်း မျိုးစိတ်(၂၅၂)မျိုးအား မှတ်တမ်းထင်ထားရှိ ပါသည်။                          

လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါ ဥယျာဉ် ( Marine National Park ) ဧရိယာတွင် သန္တာကျောက်တန်း (Coral) မျိုးစိတ်ပေါင်း (၂၆)မျိုးခန့် ရှိကြောင်း သိရှိရပြီး အားလုံး လိုလိုမှာ (Stony Coral ) အမျိုးအစား များသာဖြစ်ပြီး ( Gogomian) အမျိုးအစား အနည်းငယ် ရှိကြောင်း မှတ်တမ်းတင်ထားရှိ ပါသည်။

 



ပင်လယ် မျှော့အုပ်စု()စု၊ ခရုယောက်သွား အုပ်စု (၂၆)အုပ်စု၊ Plankton (Especially Zoo Plankton) မျှောလှေး အုပ်စု မျိုးစိပ်(၈၄)မျိုး၊ Seaweed ခေါ် ပင်လယ်ရေမှော်များစွာ အနက် Cyanophyceae အုပ်စုတွင် မျိုးစိပ်()ခု၊ Phaeophyceae အုပ်စုတွင် မျိုးစိပ်(၁၈)ခု၊  Rhodophyceae အုပ်စုတွင် မျိုးစိပ်(၄၈)ခုရှိကြောင်း သိရှိရ ပါသည်။


လန်ပိကျွန်း၏ ကျောက်လွှာများနှင့် မြေအမျိုးအစားမှာ သက်နုနုံးမြေ(Alluvium) မျက်မှောက် ကာလကျောက်လွှာ (Recent) လွှာတင် ဆက်ဖြတ် ကျောက်လွှာ( Cunconformity) မြိတ်ကျောက်စဉ်စု( Mergui Series) အသွင်ပြောင်း သလင်းကျောက်(Quartzite) သင်ပုန်းကျောက်(Slate) ဖစ်လိုက်ကျောက်(Phyllite) ရှစ် ကျောက်လွှာ(Schist) တို့ ဖြစ်ပါသည်။

လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါဥယျာဉ် ( Marine National Park )သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏ၀ါ အမျိုးသား ဥယျာဉ်ဖြစ်သည့် အပြင် အရှေ့တောင် အာရှတွင် သာမက ကမ္ဘာပေါ်တွင်လည်း ဇီဝမျိုးစုံနှင့် လေ့လာ ဖွယ်ရာများ များပြားလှသော နေရာဒေသ တစ်ခုဖြစ် ပါသည်။ ဤလန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါ ဥယျာဉ် ( Marine National Park )အား ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် သုတေသနပြု မှတ်တမ်းတင် ထားရှိနိုင်ရန် အုပ်ချုပ်ရေးမှူးရုံး တစ်ခုအားလည်း မကြုံဂလက်ကျွန်းတွင် ဖွင့်လှစ်ထားရှိ ပါသည်။

ဒေသခံများ၏ ဗဟုသုတကြွယ်ဝမှု အားနည်းခြင်း၊ ရှားပါးကျွန်းကြီးအား ထိန်းသိမ်းရန် အားနည်းခြင်း တို့ကြောင့် ကျွန်း၏ ၀န်းကျင်တွင် ငါးဗုံးခွဲ၍ ငါးဖမ်းဆီးခြင်းများ၊ ဒရွတ်ဆွဲ ငါးလှေများမှ ရေပြင်တွင် ဒရွတ်တိုက် ငါးဖမ်းခြင်းများ၊ သစ်ခိုးခုတ်ခြင်းများ ဟူသော  လူသားများ၏ ပယောဂကြောင့် ရှားပါးကျွန်းကြီး၏ ပျက်စီးမှု များအား အချိန်မီ ကာကွယ်ထိန်းသိမ်းရန် လိုအပ်ပြီ ဖြစ်ပါကြောင်း တင်ပြအပ် ပါသည်။

                                                                                                  စာရေးသူ - ကွန်ဆူးမား

0 comments: