Monday, December 30, 2013

လွှတ်တော် ကိုယ်စားလှယ်များ ဖလား ဘောလုံးပြိုင်ပွဲ မြိတ်မြို့၌ ပြုလုပ်မည်




ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ပေါင်းစုံ ဘောလုံးပြိုင်ပွဲအား မြိတ်မြို့ မြို့မအားကစားကွင်း၌ ၂၀၁၄ ဇန်န၀ါရီလ (၂) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ 

ထိုဘောလုံးပြိုင်ပွဲကို မြိတ်မြို့နယ် အတွင်းရှိ ရပ်ကွက် (၁၂)ခု၊ ကျေးရွာအုပ်စု (၂၂) ခု၊ ပေါင်း (၃၄)ခုမှ အသင်းပေါင်း (၃၄)သင်းဖြင့် အုပ်စု (၈)စုခွဲကာ တစ်နေ့လျှင် (၂)ကြိမ် နံနက် / ညနေ ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။ 



အဆိုပါ ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်က အသင်းတစ်သင်းလျှင် ထောက်ပံ့ငွေ (၅)သောင်း၊ အုပ်ချုပ်/နည်းပြများ အတွက် အားကစား ၀တ်စုံ၊ ဘောလုံး သမား (၁၅) ဦးအတွက် ၀တ်စုံ (၂)စုံစီ၊ ဘောလုံးကန် ဖိနပ်များအား ပံ့ပိုးပေးခဲ့သည့် အပြင် ပထမဆုအဖြစ် ငွေကျပ် (၁၀)သိန်း၊ ဒုတိယဆုအဖြစ် (၆)သိန်း၊ တတိယ ဆုအဖြစ် (၃)သိန်း၊ ပူးတွဲ တတိယ အတွက် (၃)သိန်း ကျပ်နှင့် သီးခြား ဆုများအဖြစ် အသင်းလိုက် အသန့်ရှင်းဆုံးဆု၊ အကောင်းဆုံး ဘောလုံး သမားဆုများကိုလည်း ချီးမြှင့်သွားမည်ဟု သိရသည်။ 

လွှတ်တော် ကိုယ်စားလှယ်များ ဖလား ရပ်ကွက်နှင့် ကျေးရွာ ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များ၊ NGO များ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ ရပ်ကွက်/ကျေးရွာ အထောက်အကူပြု အဖွဲ့များ ၊ စုပေါင်း၍ ၀ိုင်းဝန်း ကူညီ ပံ့ပိုးလျက် ရှိကြောင်း သတင်းရရှိသည်။

0 comments: