Saturday, December 21, 2013

မြိတ်မြို့၌ ခြင်ကြောင့် ဖြစ်ပေါ်သော ရောဂါများ လျော့နည်းရေး ဆေးစိမ် ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး



ခြင်ကြောင့် ဖြစ်ပေါ်သော ငှက်ဖျားရောဂါ၊ ဆင်ခြေထောက် ရောဂါ၊ သွေးလွန် တုတ်ကွေးရောဂါနှင့် ဂျပန် ဦးနှောက် အမှေးရောင် ရောဂါများကို ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေး ၀န်ကြီးဌာနမှ ပြည်သူများအား ဆေးစိမ်ခြင်ထောင် များကို အခမဲ့ ကွင်းဆင်းဖြန့်ဝေပေးလျက်ရှိရာ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ ဘုရား ကိုင် ရပ်ကွက် ဓမ္မသုခ ဘုန်းတော်ကြီးကျောင်း၌ မြိတ်ခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းနှင့် ခရိုင်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာကျော်ဇင်တို့က ကြီးကြပ်၍ မြိတ်တောင်ကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူးနှင့် သားဖွားဆရာမများက ကျေးရွာနေ ပြည်သူများအား ဆေးစိမ် ခြင်ထောင်များကို ဒီဇင်ဘာ (၁၉) ရက်က အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ ဆေးစိမ် ခြင်ထောင်များ မဖြန့်ဝေမီ ကျန်းမာရေးဆရာ/ဆရာမများက ဆေးစိမ် ခြင်ထောင်ကို  အသုံးမပြုမီ  တစ်နေ့ခန့် အရိပ်ထဲတွင် ဖြန့်ထားရန်နှင့် အကြိမ် (၂၀)ခန့်အထိ လျှော်ဖွပ်နိုင်ကြောင်း၊ လျှော်ဖွပ်ပြီးလျင် အရိပ်ထဲတွင် ဖြန့်ရန်နှင့် နေရောင်ထိလျင် အာနိသင် ပျက်ပြယ်နိုင်ကြောင်း၊ ခြင်ထောင်ကို ()နှစ်ခန့်အထိ အသုံးပြုနိုင်ကြောင်း  စသည်ဖြင့် အသုံးပြုပုံနှင့် ပတ်သက်၍ ကျေးရွာနေပြည်သူ များအား ရှင်းလင်းပြောကြားသည်။

ထိုနောက် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း(၁၂)ကျောင်း၊ သီလရှင်ကျောင်း ()ကျောင်းနှင့် ကျေးရွာနေ အိမ်ထောင်စု (၅၉၇)စုတို့အား လူနှစ်ဦးလျင် ခြင်ထောင် ()လုံးစီနှုန်းဖြင့် စုစုပေါင်း ခြင်ထောင်(၁၂၃၄) လုံးအား ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများအား ဆက်လ က်ဖြန့်ဝေပေး သွားမည်ဖြစ်ပြီး မြိတ်မြို့နယ် ပြည်သူများ အတွက် ယခု ၂၀၁၃ ခုနှစ်အတွက် ဆေးစိမ်ခြင်ထောင် (၃၃၈၅၀) လုံးအား ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်း သိရသည်။

0 comments: