Friday, December 13, 2013

မြိတ်မြို့ ဇီဝိတဒါန ပြင်ပ သံဃာ့ ဆေးရုံအတွက် စိန်မျှား ဆေးပေါ့လိပ် မိသားစု က ငွေကျပ် သိန်း(၁၀၀) လှူဒါန်းမည်

မြိတ်မြို့တွင် ဆောက်လုပ်လျက် ရှိသော ဇီဝိတ ဒါန ပြင်ပ သံဃာ့ ဆေးရုံအတွက် မြိတ်မြို့ စိန်မျှား ဆေးပေါ့လိပ် မိသားစု တို့မှ အလှူကျပ် သိန်း (၁၀၀) လှူဒါန်းခြင်း အလှူတော် မင်္ဂလာအား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ (တနင်္ဂနွေနေ့ ) နံနက် (၉) နာရီအချိန် မြိတ်မြို့ တပ်ပြင်ရပ်ရှိ မော်တောင် ပရိယတ္တိ စာသင်တိုက် တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ လှူဒါန်းပွဲ၌ သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်း ဆက်ကပ် ပြီး ဧည့်ပရိတ်သတ် များအား ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။
 

ကနဦးက စိန်မျှား ဆေးပေါ့လိပ် မိသားစုသည် သံဃာဆေးရုံ အတွက် ၄င်းထံတွင် ဆေးလိပ် ဖောက်သည် ယူနေသော မိတ်ဆွေများ ထံမှ အလှူငွေများ လက်ခံ စုစည်းပြီး ၄င်း အလှူငွေများ၏ (၂)ဆ ကို ထပ်မံ ပေါင်းထည့်ပြီး လှူဒါန်းရန် ကြိုးပမ်းခဲ့ သော်လည်း မြိတ်မြို့ ရှိ သတင်းဆိုက် တစ်ခု ဖြစ်သော News of Myeik FB မှ ဖောက်သည်များထံက အလှူငွေများ အဓမ္မ ကောက်ခံသည် ဟူသော စွပ်စွဲမှုကြောင့် ဖောက်သည်များ လှူဒါန်းခဲ့သည့် အလှူငွေ သိန်း (၈၀) ကျော်အား ပြန်လည် ထုတ်ပေးခဲ့ သည်ဟု စိန်မျှား ဆေးလိပ် ရောင်းဝယ်သူ ဖောက်သည် တစ်ဦးမှ ပြောကြားခဲ့သည်။

`` တကယ်ဆို အလှူငွေ သိန်း(၈၀) ရရှိတော့ သိန်း(၈၀)ရဲ့ (၂)ဆ  သိန်း (၁၆၀) ၊ စုစုပေါင်း သိန်း (၂၄၀) ကို သံဃာ့ ဆေးရုံ အတွက် လှူဒါန်းနိုင်မှာပါ ။ ဒါပေမယ့် အဲဒီလို သတင်းဆိုက်က စွပ်စွဲတော့ ဦးနေ၀င်းက ဖောက်သည်တွေဆီက အလှူမခံတော့ဘူး ။ သူ့ဖာသာသူ သီးခြား သိန်း(၁၀၀) လှူဒါန်း ခဲ့တာပါ။ သံဃာဆေးရုံ အတွက် သိန်း (၁၄၀) နစ်နာ သွားခဲ့တာပေါ့  ။ ´ဒါပေမယ့် အဲဒီ ကျွန်တော်တို့ရဲ့ လှူဒါန်းငွေတွေကို စိန်မျှားက ပြန်ထုတ်ပေးပေမယ့်လည်း သံဃာကို ရည်စူးပြီး လှူဒါန်းတာ ဖြစ်တဲ့အတွက် အခု အလှူငွေ ပေးအပ်ပွဲမှာ တစ်ဦးချင်း သွားရောက် လှူဒါန်းမှာပါဟု `` ၄င်းက ပြောသည်။

မြိတ်မြို့ နောက်လယ်ရပ် (၅) လမ်းတွင် ရှိသော စိန်မျှား ဆေးပေါ့လိပ် မိသားစု သည် ဆေးပေါ့လိပ် ရောင်းချရရှိသော အမြတ်ငွေများ ထဲ့မှ မျက်စိဝေဒနာရှင် (၃၀)ဦးအား လူမျိုး ဘာသာ မရွေး လစဉ် ခွဲစိတ်နိုင်ရန် လှူဒါန်းခြင်း၊ မြိတ်တွင် ခွဲစိတ် မရသော အစ္စလာမ် ဘာသာဝင် အမျိုးသမီး (၃) ဦးအား ရန်ကုန်မြို့တွင် ခွဲစိတ် ကုသ အောင်မြင်အောင် ဆောင်ရွက်ပေးခြင်း၊ မြိတ်မြို့ပေါ်ရှိ စာသင်တိုက် (၁၄) တိုက်တွင် ဆွမ်းကွမ်း ဝေယျာဝစ္စ ဆောင်ရွက်နိုင်ရန် တစ်တိုက်လျှင် (၃) သိန်း နှုန်းဖြင့် လစဉ် လှူဒါန်းခြင်း၊ မြိတ်မြို့ နောက်လယ်ရပ် ဘုရားဇရပ်အား ငွေကျပ် သိန်း (၁၇၀၀) ကုန်ကျခံ၍ ဆောက်လုပ် လှူဒါန်း ပြုပြင် မွမ်းမံခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိ ရသည်။




0 comments: