Monday, December 23, 2013

သင်းခွေချပ်များ တင်ဆောင်လာသည့်ယာဉ်နှင့် ရွှေလီရတနာ မှန်လုံယာဉ် တိုက်မိ

မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံကျေးရွာ ရွာသစ်ပိုင်း ရန်ကုန် မော်လမြိုင် ကားလမ်းမ မိုင် တိုင် အမှတ် ၅/၁၇၆ အနီးတွင် မောင်ကို မောင်းနှင်၍ မြိတ်မြို့မှစတင် ထွက်ခွာလာသော  ရွှေလီရတနာ ခရီးသည်တင် မှန်လုံယာဉ် နှင့် ရန်ကုန် တိုင်းဒေသကြီး ပုလဲမြို့သစ်မြို့နယ် မှ စတင်၍ သင်းခွေချပ် ၄၆ ကောင် ကို တင်ဆောင် လာပြီး ဖားအံမြို့သို့သွားရောက်မည် ယာဉ်မောင်း  အောင်ဆန်း ၊ဘ၊ ဦးရဲမြင့် ၅၀ နှစ် ဘားအံမြို့ ၂ရပ် ကွက် ၂လမ်းတွင် နေသူဟု ပြောသူ မောင်းသော လိုက်ထရက် အဖြူ F/75809 တို့ မျက်နှာချင်းဆိုင် တိုက်မိသည် ။ 




ကားပေါ် ပါလာသူများ အဆိုအရ   ဒီဇင်ဘာ ၂၂ ရက် မနက် ၅ နာရီအချိန်က တိုက်မိခြင်းဖြစ်ပြီး လိုက်ထရက်  ကားမောင်းသူက မှန်လုံယာဉ်ကို မတော်တဆ ဝင်တိုက်မိခြင်း ဖြစ်သည် ဟု ခုံအမှတ် ၁ တွင် မှန်လုံဖြင့် လိုက်ပါလာသူ ဦး မင်းလွင်စိုး ကဆိုသည် မှန်လုံ ယာဉ်မောင်း မှ  လောလောဆယ် ရှောင်တိမ်းနေပြီး သင်းခွေချပ် တင်လာသော ကားသမားကို ဖမ်းဆီး ပြီး သစ်တော ဌာန ၊ ရဲတပ်ဖွဲ့တို့မှ စစ်ဆေးလျှက်ရှိရာ ထိုကားပိုင်ရှင်သည် ဖားအံမြို့မှ ဖြစ်ကြောင်း သင်းခွေချပ် ၄၆ ကောင်ပိုင်ရှင်မှာ ရန်ကုန် ပုလဲမြို့သစ်နေ အသက် ၃၀ နှစ် ရှိ ဟိန်းဇော်လတ် ဖြစ်သည်ဟု ဆိုသည်

တောကျီးကန်း ပေါင်

0 comments: