Friday, December 6, 2013

၂၀၁၃ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ



၂၀၁၃ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ(၆) ရက် နံနက်(၉)နာရီက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ အထိမ်းအမှတ် ပြိုင်ပွဲဆုရ ကျောင်းသား/ သူများ၊ ဖိတ်ကြားထား သူများ တက်ရောက် ခဲ့ကြသည်။


ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။ ယင်းနောက် မြိတ် အ ထွထွေရောဂါကု ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်း က ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးထံမှ ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြာပြီး တနင်္သာရီ တိုင်းဒေသကြီး ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ သန်းဝင်းက ရောဂါတိုက်ဖျက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ၂၀၁၃ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများတွင် ဆုရကျောင်းသား/ သူများအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြိတ်အထွေထွေရော ဂါကုဆေးရုံ ဆေးရုံအုပ်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးခုခံကျ ကာလသားရောဂါ တိုက်ဖျက် ရေး ဆရာဝန်ကြီးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနား ရုပ်သိမ်းသည်။ အခမ်းအနား အပြီး တွင် တက်ရောက် လာကြသူများက ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေးပြခန်းအား ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။

iprd myeik

0 comments: