Saturday, December 7, 2013

မြိတ်မြို့တွင် ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ


မြိတ်ခရိုင် မြိတ်မြို့၏ ၂၀၁၃ခုနှစ် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ (၇)ရက် နံနက်(၅း၃၀)နာရီတွင် မြိတ်မြို့ မြို့မအားကစား ကွင်းရှေ့မှ စတင်၍ မြစ်ငယ်ရပ် ဗိုလ်ချုပ်လမ်း ထားဝယ် စုရပ် ဗိုလ်ချုပ်လမ်း၊ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်း၊ ဗောတံတားလမ်း၊ ကမ်းနားလမ်း၊ နာရီစင်လမ်း မှ ဗိုလ်ချုပ်လမ်း အတိုင်း ပြန်လည်လျှောက်လှမ်း ခဲ့ကြပြီး မြို့မအားကစားကွင်း အတွင်းတွင် အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။


အဆိုပါ လူထုစုပေါင်း လမ်းလျှောက်ပွဲကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါက်တာကျော်ဆန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တော/သတ္တု ၀န်ကြီး ဦးတင်စိုး၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ပြည်သူများ၊ ကျောင်းသား/ သူများ၊ အားကစား ၀ါသနာရှင်များ စုစုပေါင်း (၄၂၉၀)ဦးခန့် တပျော်တပါး စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။

လမ်းလျှောက်ပွဲ အပြီးတွင် မြို့မအားကစားကွင်း အတွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား /သူများနှင့် အားကစား ၀ါသနာပါသူများ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြရာ ဆုရရှိသူများအား မြိတ်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments: