Wednesday, December 18, 2013

အထက(၂) မြိတ် မြတ်ဆရာပူဇော်ပွဲ (၁၃) ကြိမ်မြောက် ကျင်းပမည်




တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ အထက (၂) ကျောင်းသား / ကျောင်းသူ ဟောင်း များ၏ နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်မြဲ ဖြစ်သော မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ (၁၂) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရပ်ဝေး ရပ်နီး မှ ကျောင်းသား ကျောင်းသူ ဟောင်းများ တက်ရောက် ပူဇော် ကန်တော့ နိုင်ရန် ကျင်းပရေး ကော်မတီက ဖိတ်ကြားလျက် ရှိကြောင်း သိရသည်။ 

 

အခမ်းအနား အစီအစဉ်များ အနေဖြင့် ကွယ်လွန်သွားသော ဆရာကြီး / ဆရာမကြီး များအား ရည်စူးပြီး သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခြင်းကို ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် လည်းကောင်း ၊ ဇန်န၀ါရီလ (၁၂) ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် ဆရာကြီး / ဆရာမကြီးများအား ပူဇော် ကန်တော့ခြင်းကို လည်းကောင်း၊ ၄င်းနေ့ ည (၆) နာရီ အချိန်တွင် ဆရာကြီး ၊ ဆရာမကြီး များနှင့် ကျောင်းသား ကျောင်းသူ ဟောင်းများ မိတ်ဆုံ စားပွဲကို လည်းကောင်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ 

အထက(၂) မြိတ် ကျောင်းသူ ကျောင်းသား ဟောင်းများ အနေဖြင့် ဆရာကြီး ဆရာမကြီးများ အတွက် အလှူငွေများ ထည့်ဝင် လိုပါက  ဆရာဦးသွင်စိန် ၊ စကားဝါဆေးဆိုင်၊ ဂုဏ်ရုံလမ်း၊ ထားဝယ်စုရပ်၊  ဖုန်း- (+95) 0941005342 ၊ ကျောင်းအုပ် ဆရာမကြီး၊ အ.ထက(၂)မြိတ်        ဖုန်း-(+95) 05941788 ၊ ဦးတင်မိုး (ခ) ဦးတင်ငယ် (၅)လမ်း နောက်လယ်ရပ်၊ မြိတ် ဖုန်း- (+95) 0949873188၊ ဦးစိန်မင်း၊ အုပ်ချုပ်ရေး မှူး၊ မြိတ်တောင် ရပ်ကွက်၊ မြိတ် ဖုန်း-(+95) 0949881524၊ ဦးထွန်းဦး ရွှေကိန္နရီ (ဗီဒီယိုရုံ) မြို့သစ်၊ မြိတ်  ဖုန်း- (+95) 098761386၊ ဦးဇော်ထွန်း ဘုရားကိုင်ရပ်၊ မြိတ်မြို့။ ဖုန်း- (+95) 0949870918၊ဆရာမ ဒေါ်ကြည်ကြည်လတ် အ.ထ.က(၂)မြိတ်။ ဖုန်း-(+95) 098761050၊ ဒေါ်တင်တင်မိုး အောင်ချမ်းသာ (၁)လမ်း၊ ဇေယျာသီရိ (၁)ရပ်    ဖုန်း-(+95)095640450 ၊ ဒေါ်နွယ်နွယ်ဝေ (၄)လမ်း၊ ပါရမီ(၁)ရပ်၊မြိတ်မြို့။ ဖုန်း-(+95) 0949870551၊ ဦးမင်းလွင်ဦး (၁)လမ်း၊ ပါရမီ(၁)ရပ်၊ မြိတ်မြို့။ ဖုန်း-(+95)0949871616 တို့အား ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သတင်း ရရှိသည်။

0 comments: