Tuesday, December 3, 2013

နွေစပါးခင်းများ ညာတောင်ပိုးကျ၍ တောင်သူများစိုးရိမ်ပူပန်နေ


မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာ အုပ်စု ကျွဲထိန်းကွင်း ရွာနေ တောင်သူ(၃၁)ဦး သည် ၄င်းတို့၏ ကွင်းအမှတ် (၅၁၄)တွင် စိုက်ပျိုးထားရှိ ပြီးဖြစ်သောနွေစပါး စိုက်ခင်းဧက(၁၃၈) တွင် ညာတောင် ပိုးမွှားများ ကျရောက်ဖျက်ဆီး ကိုက်စားမှု အန္တရာယ်ကြောင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံး နေရသဖြင့် သက်ဆိုင် ရာ ကျွဲထိန်းကွင်းရွာ ရာအိမ်မှူး ဦးနောင်မဲနှင့်အတူ ဒေသခံတောင်သူများလိုက်ပါလျက် ဒီဇင်ဘာလ(၁)ရက်နေ့ တွင်စိုက်ခင်းများ အတွင်း ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။




အဆိုပါပိုးမွှားများအား တောင်သူတစ်ဦးက နိုဝင်ဘာလ(၂၈) ရက်နေ့တွင် စတင်တွေ့ရှိရသဖြင့် ၄င်း ညာတောင်ပိုးပုံများအား ဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တောင်သူများ၏ စိုက်ခင်းများ ပြန်လည် ရှင်သန်ကောင်းမွန်စေရေး/ ပိုးမွှားများ အန္တရာယ်လျော့ပါးနိုင်စေရေး အတွက် သက်ဆိုင်ရာ ဌာနများမှ လမ်းညွှန် ကူညီမှု ကွင်းဆင်းဆောင်ရွက်ပေးစေ လိုကြောင်း သိရှိရသည်။

ထို့အတူ ယခုကဲ့သို့သာ စပါးစိုက်ခင်းများအား ညာတောင်ပိုးမွှားများ ဖျက်စီးဆုံးရှုံးခံရပါက လာမည့်၂၀၁၄ ခုနှစ်တွင် ၀မ်းစာဖူလုံမှု အခက် အခဲတွေ့ရှိ နိုင်ကြောင်း ကျွဲထိန်းကွင်း ရွာမှတောင်သူများက စိုးရိမ် ပူပန်လျက်ရှိ ကြောင်း သတင်းရရှိသည်။

0 comments: