Tuesday, December 3, 2013

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးတွင် အဌမအကြိမ်မြောက် မဟာပဌာန်း ပူဇော်ပွဲ ကျင်းပ




မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီး စေတီတော် သြ၀ါဒစရိယ ဆရာတော်ကြီးများ ဦးဆောင်၍ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော အဌမ အကြိမ်မြောက် မဟာပဌာန်း ပူဇော်ပွဲကို ဒီဇင်ဘာလ (၃)ရက် နံနက်(၉)နာရီ က စေတီတော် သာသနာ့ဗိမာန်ခန်းမတွင် ကျင်းပရာ နိုင်ငံတော် ဗဟို သံဃာ့ ၀န်ဆောင် အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ၀ိမလ ကန်သာကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာ တော် အရှင်သူမြတ်များ၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ဌာနဆိုင်ရာများ၊ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ၀င်များ၊ စေတီတော် ဥပါသကာ၊ ဥပါသိကာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။




ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ ဗုဒ္ဂ္ဓပဏာမဖြင့် ဘုရားကန်တော့ ၍ ဖွင့်လှစ်ကြပြီး သိမ်တော်ကြီး ဥပါသိကာ အဖွဲ့မှ ဒေါ်ခင်ထွေးရီနှင့် ဒေါ်စန်းလှတို့က စိန်ရောင်ခြည် ဘုရားပင့်ဖြင့် မြတ်စွာဘုရားအား ပူဇော်ပင့်လျှောက်ကြပြီး သမ္မာဒေ၀ နတ်ဗြဟ္မာများအား ပင့်ဖိတ်ကြသည်။ ထိုနောက် ဧည့်ပရိတ်သတ် အပေါင်းတို့က နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ၀ိမလ ကန်သာကျောင်း တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တရားဒေသနာတော်များ နာယူ ကြသည်။

ဆက်လက်၍ မြိတ်မင်္ဂလာ ဦင်္းယူခင်က ပဌာန်း အဌာကထာ ပဏာမ ဂါထာတော်ဖြင့် ဂါရ၀ပြုပူဇော်ပြီး သိမ်တော်ကြီး ဥပါသိကာအဖွဲ့မှ ဒေါ်မြင့်မြင့်အေး က ပဌာန်း ဒေသနာတော်ကြီးကို ရွတ်ဆိုပူဇော်ရန် တိုက်တွန်း နိုးဆော်လွှာ ဂါထာ တော်ကို ရွတ်ဆိုပူဇော်ကြသည်။ ယင်းနောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များမှ ပဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်ကို စုပေါင်းရွ့တ်ဆို၍ စတင်ဖွင့်လှစ်တော်မူကြပြီး ဆရာတော်။ သံဃာတော် အရှင်သူမြတ်များက ပဌာန်း ဒေသနာတော်မြတ်ကြီးအား အလှည့်ကျ တစ်ပါးဆီ ရွတ်ဆို ပူဇော်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

iprd myeik

0 comments: