Wednesday, July 15, 2015

တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော် ၊ ဇူလိုင် ၁၃

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ ၂၀၁၅ ခုနှစ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင် ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်မောင် ဌေး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။





ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲ အမျိုးအစား အလိုက် ဆုရရှိသူများနှင့် ဆုရရှိသည့် အသင်း များအား တိုင်းမှူးနှင့် တာဝန် ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: