Tuesday, July 7, 2015

ကျွန်းစုမြို့ သီရိမင်္ဂလာကျောင်းတိုက် တိုးချဲ့ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကျွန်းစုမြို့ သီရိမင်္ဂလာကျောင်းတိုက် တိုးချဲ့ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့  အမှတ် (၃) ရပ်ကွက်ရှိ သီရိမင်္ဂလာ ကျောင်းတိုက် တိုးချဲ့ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားအား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက် (၉)နာရီ အချိန်၌ ယင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။




အခမ်းအနားသို့ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် မှ ဌာနချုပ်မှူးနှင့် အရာရှိ စစ်သည်များ မိသားစုများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ် ရပ်မိရပ်ဖများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပြီး တနင်္သာရီ ရေတပ် စခန်း ဌာနချုပ်မှ လှူဒါန်းငွေ (၁၆)သိန်းနှင့် ဘိလပ်မြေ (၂၀၀)အိတ်၊ မြို့နယ်အတွင်းရှိ အလှူရှင် ၂၀ ဦးမှ လှူဒါန်းငွေ (၁၇)သိန်း ခြောက်သောင်း ငါးထောင်ကျပ်၊ စုစုပေါင်း လှူဒါန်းငွေ ၃၃ သိန်း ခြောက်သောင်း ငါးထောင်ကျပ်နှင့် ဘိလပ်မြေ ၂၀၀ အိတ်တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: