Wednesday, July 15, 2015

သဗ္ဗာန်မောင်းနှင်နေသူ ရေထဲပြုတ်ကျ၍ ရေနစ်သေဆုံးမှု ဖြစ်ပွား

သဗ္ဗာန်မောင်းနှင်နေသူ ရေထဲပြုတ်ကျ၍ ရေနစ်သေဆုံးမှု ဖြစ်ပွား
-----------------------------------------------------------------------
၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် ဒုရဲအုပ် အောင်မိုးဟိန်းသည် မြိတ်မြို့ မ ရဲစခန်း၌ တာဝန်မှူး တာဝန် ထမ်းဆောင်နေစဉ် မြိတ်မြို့ ထားဝယ်စုရပ်ကွက် ကမ်းနားလမ်းရှိ ရေပြင်၌ ရေနစ်သေဆုံးနေသည့် အလောင်းတစ်လောင်းအား တွေ့ရှိကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ  မြိတ်မြို့ ပန်စရာရပ် ပြင်းငယ်ကျောင်းလမ်းနေ မင်းမင်း (ခ) ရာရှစ်ဘိုင် ၊ အသက် (၂၆)နှစ်၊ (ဘ) ဦးခင်ထွန်း အား ရေနစ် သေဆုံးလျက် ရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရေနစ်သေဆုံးသူသည် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် (၆)နာရီ အချိန်၌ သဗ္ပာန်လှေမောင်းရန်အတွက် နေအိမ်မှ တစ်ဦးတည်း ထွက်ခွာသွားကြောင်း ၊ ည (၉)နာရီ အချိန်ခန့်၌ ၄င်း၏ ညီဖြစ်သူ ဇူဘိုင်မှ နေ၍ ပြည့်ဖြိုးထွန်း ရေခဲစက်ရှေ့ရှိ ရေပြင်၌ သေဆုံးသူ ခုတ်မောင်းသည့် သဗ္ပာန်လှေအား တွေ့ရှိသဖြင့် ဆွဲယူလာကာ မြိတ်မြို့ ကြယ်ငါးပွင့် တံတားတွင် ထားရှိကြောင်းကို ဦးလေးဖြစ်သူ ဦးကြည်ထွန်းအား ပြောရာ တဆင့်သိရှိရ၍ လိုက်လံ ရှာဖွေရာ ဇူလိုင်လ (၁၄) ရက်နေ့ နံနက် (၉) နာရီ အချိန်၌ ပထော်ဖက်ကမ်းရှိ သီတာ ကုမ္ပဏီ ဆီဘော အနီးတွင် ရေနစ် သေဆုံးလျက် ပြန်လည်တွေ့၇ှိ ရသဖြင့် အလောင်းအား စစ်ဆေးရာ ပြင်ပ ဒဏ်ရာ မတွေ့ရှိ ရဘဲ ရေနစ်သေဆုံးသည့် လက္ခဏာ ဖြင့် တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရှိရသည်။

အဆိုပါ ရေနစ် သေဆုံးမှုအား မြိတ်မြို့ မြို့မ ရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်း အမှတ်စဉ် (၃၃/၂၀၁၅)ဖြင့် အမှုဖွင့်လှစ်ပြီး မြိတ်မြို့မ စခန်းမှူး ဒုရဲမှူး နေလင်းမှ အမှု စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဓာတ်ပုံ - မြိတ်ပြည်သူသတင်းစကားမှ ရယူပါသည်။

0 comments: