Monday, July 6, 2015

ရေကြောင်းရဲအဖွဲ့နှင့် Mobile Team အဖွဲ့ပူးပေါင်းပြီး တနင်္သာရီကမ်းရိုးတမ်းတစ်လျှောက်တရားမဝင် ကုန်ပစ္စည်းများ စတင်ဖမ်းဆီး

 ရေကြောင်းရဲအဖွဲ့နှင့် Mobile Team အဖွဲ့ပူးပေါင်းပြီး တနင်္သာရီကမ်းရိုးတမ်းတစ်လျှောက်တရားမဝင် ကုန်ပစ္စည်းများ စတင်ဖမ်းဆီး

( မျိုးပပစန်း၊ ဝေဝေဖြိုး Sunday, 05 July 2015 ပြည်ထောင်စုနေ့စဉ် သတင်းစာ)

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန တရားမဝင်ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟို ကော်မတီနှင့်ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ရေကြောင်း ရဲအဖွဲ့တို့  ပူးပေါင်းပြီး ယခုလ ၁ ရက်မှ စတင်ကာ တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် တရားမဝင် တင်ဆောင် လာသည့် စက်လှေ၊ငါးဖမ်းသင်္ဘော များကို ဖမ်းဆီးမည်ဖြစ်ကြောင်း Mobile Team အဖွဲ့မှ ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်းက ပြောသည်။

ကမ်းရိုးတန်း တစ်လျှောက်တရား မဝင်စက်လှေနှင့် ကုန်ပစ္စည်းများကို ဖမ်းဆီးရာတွင် ပြင်ပစည်းလုံခြုံရေး အနေဖြင့် ကာကွယ်ရေး ဝန်ကြီးဌာန အောက်မှ တပ်မတော်ရေက လုံခြုံရေး စောင့်ရှောက်ပေးမည်ဖြစ်ပြီး အဓိက ဖမ်းဆီးမှုအဖြစ် ရနောင်းမှ မော်လ မြိုင်၊ ရန်ကုန်သို့ ဝင်ရောက်သော လူ သုံးကုန် ပစ္စည်းများကို ပိုမိုဖမ်းဆီး မည်ဖြစ်ကြောင်း ၄င်းကပြောသည်။

''ဒီ ၁ ရက်က စတင်စစ်ဆေး ဖမ်းဆီးတယ်။ ဒါပေမယ့် အခုက ပညာပေးအနေနဲ့ စတင်နေတာ။ အရေးယူမယ်၊ သတိပေးမယ်။ နောက်ပြီး ဒီလမ်းကြောင်းမှာ ဖမ်း ဆီးဖို့ နှစ်စုခွဲ ထားတယ်။ တစ်ကြောင်းက ရနောင်းကနေ ကော့သောင်းဝင်တဲ့ ပစ္စည်းတွေ၊ နောက် လမ်းကြောင်းတစ်ခုက ရနောင်း ကနေ မော်လမြိုင်၊ ရန်ကုန် တို့ကိုဝင် တာရှိမယ်။ ဒီလိုမျိုး Mobile Team က ဖမ်းဆီးတဲ့နေရာမှာ နယ်စပ်ဒေသ တွေမှာ နေထိုင်သူတွေ အခက်အခဲ မရှိအောင်လုပ်သွားမယ်။ ဒီလမ်း ကြောင်းကနေ တရားမဝင်တဲ့ ဆေး ဝါး၊ လူသုံးကုန်၊ အစားအသောက် တွေက ပမာဏ အရမ်း များတယ်။ ဒါကြောင့် ရေကြောင်းရဲနဲ့ ပူးပေါင်း ဖမ်းဆီးမယ်''ဟု ၄င်းကဆက် လက်ပြောကြားသည်။

ထိုကဲ့သို့ ဖမ်းဆီးရာတွင် ကော့သောင်းမြို့၏ ဒေသဖွံ့ဖြိုးမှု မထိခိုက်စေရေး အတွက်လုပ်ဆောင် မည်ဖြစ်ပြီး ထိုင်းနိုင်ငံရ နောင်းမှ ဝင်ရောက်သည့် တရားမဝင်ကုန် ပစ္စည်းများ ဖမ်းဆီးရာတွင် ကော့ သောင်းမြို့ကို ဝင်ရောက်မှုထက် အခြားမြို့များသို့ ဝင်ရောက်မှု မပြု နိုင်ရန် အဓိကထား လုပ်ဆောင်သွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တရား မဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေး ဗဟိုကော်မတီမှ သိရသည်။

ကုန်းလမ်း နယ်စပ် ဂိတ်ပေါက် များကို ဖမ်းဆီးခြင်းထက် ရေလမ်း ကြောင်း အဓိကထား ဖမ်းဆီးရခြင်း မှာ စက်လှေ တစ်စင်းလျှင် ကုန်ကား ၁ဝ စီးပမာဏနှင့် ညီမျှသောကြောင့် တရားမဝင် ကုန်ပစ္စည်းများ တင်ဆောင် နိုင်၍ ရေလမ်းကြောင်းတွင် ဖမ်းဆီးမှု စတင်ခြင်းဖြစ်ကြောင်း ယင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြော သည်။

ရန်ကုန်မြို့ရှိ နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းသွား ဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှုများ စိစစ် ထိန်းချုပ်မှုကို ၂ဝ၁၄ ခုနှစ် ဇူလိုင် လမှ စတင် လုပ်ကိုင် ခဲ့သည်။

0 comments: