Saturday, July 4, 2015

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တနင်္သာရီ - ဇူလိုင် (၃) ရက်

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ   ၏ လမ်းညွှန်ချက်အရ မြို့နယ် သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ကိုယ်စား တောအုပ်ကြီး ဦးတင်မောင်လတ် ဦးစီးလျက်  သစ်တော စိမ်းလန်း စိုပြေ ရေးနှင့် ရာသီဥတု ထိန်းသိမ်းနိုင်ရေး ရည်ရွယ်၍ မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင် စိုက်ပျိုး ပွဲတော်ကိ ဇူလိုင်လ(၃)ရက်  နံနက်(၀၇း၃၀) အချိန်   အရှေ့မော်တုန်း ကျေးရွာအုပ်စု - အရှေ့မော်တုန်းရွာ  အမှတ် (၃၀၆) အမြောက် တပ်ရင်း သစ်ပင် စိုက်ကွင်း နေရာတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးတင်မောင်လတ် ကသက်ဆိုင်ရာ သစ်ပင်စိုက်ပျိုးပေး ကြမည့် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ နှင့် ဌာနဆိုင်ရာ ဦးစီးမှူးများအား သစ်ပင်ပျိုးပင်များပေးအပ် ခဲ့သည်။

အဆိုပါ သစ်ပင် စိုက်ပျိုး ပွဲတော်သို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်  အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ၀န်ထမ်းများ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဦးစီးမှူးများနှင့် ၀န်ထမ်းများ၊ မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့  ဥက္ကဌ   ဒေါ်အေးတင် နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အထက- တနင်္သာရီမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ များ စုစုပေါင်း အင်အား(၄၀၀)ကျော် တို့က ပျဉ်းကတိုးပင် (၂၀၀)ပင်၊ မဟော်ဂနီပင် (၁၀၀)ပင်၊ ယူကလစ်ပင်(၁၀၀)ပင် နှင့် စိန်ပန်းပင်(၂၅)ပင်  စုစုပေါင်း(၄၂၅)ပင် တို့ကို တပျော်တပါး စိုက်ပျိုးပေးကြကြောင်း သိရသည်။
Moe Htet


0 comments: