Friday, July 10, 2015

ဘန်းလမွတ်ကျေးရွာလုံးကျွတ် မြေအငှါးဂရန်ရရှိရေး ညှိနှိုင်းအစည်းဝေးကျင်းပ

ဘန်းလမွတ်ကျေးရွာလုံးကျွတ် မြေအငှါးဂရန်ရရှိရေး ညှိနှိုင်းအစည်းဝေးကျင်းပ
တနင်္သာရီ - ဇူလိုင်လ(၉)ရက်

တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာ အုပ်စု ဘန်းလမွတ်ရွာ အတွင်း နှစ်ပေါင်းများစွာ ကတည်းက  အသက်မွေးဝမ်းကြောင်းပြု  နေထိုင်ခဲ့ကြသည့်   အိမ်ခြေ(၁၆၁) အိမ်တို့အား  မြို့နယ်အဖွဲ့မှ အဆင့်ဆင့် ထောက်ခံမှုအရ  နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် စံပြကျေးရွာ အဆင့် ကျေးရွာလုံးကျွတ် မြေအငှါးဂရန် (မြေငှါးစာချုပ်) ရရှိရေး ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်(၈)ရက် မွန်းလွှဲ(၂)နာရီအချိန် ဘန်းလမွတ်ကျေးရွာ ဇေယျ သိန္ဒိ ဓမ္မကျောင်း ဓမ္မာရုံအတွင်း၌ ကျးင်းပခဲ့ရာ မြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌဦးရဲထွန်းလွင်နှင့် အဖွဲ့ဝင်များ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း ၊ ရပ်မိ/ရပ်ဖများ၊ အိမ်ထောင်ဝင်များစုံညီစွာ  တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ က  နိုင်ငံတော်သမ္မတ  ဦးသိန်းစိန် ၏ လမ်းညွှန်ချက်နှင့် အညီ မြေယာကိစ္စများ ကင်းရှင်းသည့် ဘန်းလမွတ်ရွာအား (ပထမ) ဦးစားပေး စံပြကျေးရွာ အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဒေသခံ ပြည်သူများ အိမ်ခြံမြေကွက် များအား မြေယာ ပိုင်ဆိုင်မှု လက်ဝယ် ရရှိစေရန် မြို့နယ် လုပ်ငန်းအဖွဲ့ နှင့် ကျေးရွာလုပ်ငန်း အဖွဲ့တို့  ပူးပေါင်း၍   အခမဲ့ကွင်းဆင်း    တိုင်းတာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေး ခဲ့သည်။

ထို့နောက်  လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန  ဦးစီးမှူး  ဦးကျော်နိုင်ထက် က အောက်ခြေရှိ မြေအနေအထား အတိုင်း  မှတ်တိုင်များ စိုက်ထူမည် ဖြစ်ပါသဖြင့်  ဒေသခံများကလည်း  ကူညီပေးကြ ပါရန်နှင့် မြို့နယ်  (လ၀က) ဒု- ဦးစီးမှူး ဦးတိုးဝင်းစိုး ကလည်း မြေယာပိုင်ဆိုင်မှုတွင် မရှိမဖြစ်  လိုအပ်သော နိုင်ငံသား စီစစ်ရေး ကတ်များ / အမျိုးသား မှတ်ပုံတင်ကတ်နှင့်  ၆၆/၆ အိမ်ထောင်စု စာရင်းကို   ချက်ခြင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း  ဆွေးနွေး တင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်မြေစာရင်း ဦးစီးဌာန မြေတိုင်း ၀န်ထမ်းများက ၄င်းဘန်းလမွတ် ကျေးရွာအတွင်း အိမ်ခြေ (၁၆၁)အိမ်အား မြေအမျိုးအစားလိုက် တိုင်းထွာခြင်း၊ ဘေးပတ်ဝန်းကျင် အသိသက်သေများ သဘောထား မှတ်ချက်နှင့် သုံးဘက်မြင် ဓါတ်ပုံများဖြင့် အခမဲ့ မြေအငှား ဂရံရရှိရေး အတွက် စက်တင်ဘာလ အကုန် ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်သဖြင့် ဒေသခံရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များမှ ပူးပေါင်း ကူညီကြပါရန် ညှိနှိုင်းဆွေးနွေးခဲ့ရာ ဒေသခံ များကလည်း မရှင်းလင်းသည့်များ မေးမြန်းရာ  သက်ဆိုင်ရာ တို့က ပြန်လည် ဖြေကြား ကြကြောင်း သိရသည်။

0 comments: