Wednesday, July 8, 2015

ပညာရေးမြှင်တင်မှု အကောင်အထည်ဖော်ရေး(အခြေခံပညာကဏ္ဍ)ဆွေးနွေးပွဲ ကျင်းပ

ပညာရေးမြှင်တင်မှု အကောင်အထည်ဖော်ရေး(အခြေခံပညာကဏ္ဍ)ဆွေးနွေးပွဲ ကျင်းပ
မြိတ်  ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်အတွင်း ၂ဝ၁၅ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင် အထည်ဖော်ရေး(အခြေခံပညာကဏ္ဍ)ဆွေးနွေးပွဲ အခမ်းအနားကို မြိတ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းပညာရတနာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။


အခမ်းအနားတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တိုင်းဒေသကြီး ပညာရေးမှူး  ဦးထွန်းရီတို့က အဖွင့်အမှာစကားပြောကြားပြီး  မြိတ်ခရိုင်အတွင်းမှ  ပညာရေး ဝန်ထမ်းများဖြစ်သော တက္ကသိုလ်ကျောင်းများမှ  တာဝန်ခံပါမောက္ခချုပ်များနှင့် ပါမောက္ခဌာ နမှူးများ၊  အခြေခံပညာကျောင်း များမှ  ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များက  ပညာ ရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး အတွက် ကဏ္ဍ အလိုက်လို အပ်ချက်များကို အကြံပြု ဆွေးနွေးကြသည်။

ဆက်လက်၍ အမျိုးသားပညာရေးဥပဒေနှင့် ဆက်စပ်ဥပဒေများကို အဖွဲ့ငယ် အလိုက် ဆွေး နွေးခြင်း၊ အကြံပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ကာ အမျိုးသား ပညာ ရေး ဥပဒေ နှင့် ဆက်စပ်ဥပဒေများကို အဖွဲ့ငယ်အလိုက် ပြန်လည်စုစည်းဆွေးနွေး တင်ပြခဲ့ကြ ကြောင်း  သိရသည်။   

0 comments: