Monday, July 6, 2015

အမြန်ရေယာဉ် ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းရေး စစ်ဆေးရေး အဖွဲ့မှ ကြီးကြပ် ဆောင်ရွက်

အမြန်ရေယာဉ် ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းရေး စစ်ဆေးရေး အဖွဲ့မှ ကြီးကြပ် ဆောင်ရွက်

တနင်္သာရီ - ဇူလိုင်လ(၅)ရက်

တနင်္သာရီတိုင်း ဒေသကြီး ၊  မြိတ်ခရိုင်  တနင်္သာရီမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းနေမှုနှင့် မြစ်ရေ စီးသန်နေမှု အနေအထား အရ  တနင်္သာရီမြို့မှ မြိတ်မြို့၊  မြိတ်မြို့မှ တနင်္သာရီမြို့သို့ နေ့စဉ် အစုန်/ အဆန် မျက်နှာချင်းဆိုင် ပြေးဆွဲလျက် ရှိသော ရေအမြန်ယာဉ်များ၌ လိုက်ပါသွားလာကြသည့်  ခရီးသွား ပြည်သူများနှင့် နိုင်ငံခြားသား ခရီးသည်များ  ဘေး အန္တရယ် ကင်းရှင်းစေနိုင်ရေး အတွက် အမြန်ရေယာဉ် ကြီးကြပ် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ ၏ လမ်းညွှန်မှုဖြင့် မြို့နယ် အမြန်ရေယာဉ် စစ်ဆေးရေး ပူးပေါင်း အဖွဲ့က အပတ်စဉ် (သို့မဟုတ်) အရေးပေါ်ကာလ များ၌ စစ်ဆေးလျက်ရှိကြသည်။




ယင်းမြို့နယ် အမြန်ရေယာဉ် စစ်ဆေးရေးပူးပေါင်း အဖွဲ့တွင်ပါဝင်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နယ်ထိန်း တပ်ကြပ်ကြီး စောဘမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ လ၀ကများ၊ ချောင်းကြီးရပ်- ချောင်းငယ် ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများ အဖွဲ့က ဇူလိုင်လ(၅)ရက် နံနက်(၀၉း၃၀) အချိန် နေ့စဉ် မြိတ်မြို့သို့ ထွက်ခွါမည့် ကြံတိုင်းအောင်  အမြန်ရေယာဉ် အတွင်း ခရီးသည် ဦးရေနှင့် အရေးပေါ် အသက်ကယ် အကျီင်္လုံလောက်မှု ရှိ/မရှိ၊ အရေးပေါ်မီးသတ် ဆေးသုံးစွဲ၍ ရ/မရနိုင်၊ အရေးပေါ် အသက်ကယ် ဘော အနေအထား၊ ဥပဒေနှင့် မကင်းလွတ်သည့် ပစ္စည်းများ တင် ဆောင်မှုရှိ/မရှိ နှင့်  သတ်မှတ် တန်ချိန်ထက် ပိုမို တင်ဆောင်ခြင်းရှိ/မရှိ တို့ကိုစစ်ဆေး၍   အသိ ပညာပေး ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

0 comments: