Wednesday, July 1, 2015

သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ် ပစ္စည်း လောင်းလှူပွဲ ကျင်းပ

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ မြိတ် တပ်နယ်၏ စတုတ္ထအကြိမ်မြောက် မြို့နယ်လုံးကျွတ် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူ ပွဲကို ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်း ဒေသ တိုင်း စစ်ဌာနချုပ်၊ ရန်တိုင်းအောင် ခန်းမ၌ ကျင်းပပြု လုပ်ရာ မြိတ်မြို့၊ ရွှေကျင် သီလရှင် စာသင်တိုက်  ပဓာနနာယက ဆရာကြီး ဒေါ်ပုညဝတီ အမှူးပြုသော သာသနာ့ နွယ်ဝင် သီလရှင်များ ကြွရောက်ကြပြီး တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး၊ တိုင်းစစ်ဌာနချုပ် မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာများနှင့် မြိတ်မြို့မှ စေတနာ ရှင်ပြည် သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများသည် သီလရှင် ဆရာကြီး ဒေါ်ပုညဝတီထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး တိုင်းမှူးနှင့် တာ ဝန်ရှိသူ များက လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးနှင့် တပ်ရင်း/တပ်ဖွဲ့ မိသားစုများ၊ မြိတ်မြို့မှ စေတနာရှင် ပြည်သူများက သီလရှင်များအား စုပေါင်း၍ တပျော်တပါး ဆွမ်းဆန်တော်များလောင်း လှူခဲ့ကြကြောင်း သတင်း ရရှိသည်။      

မြ၀တီ သတင်းစာ               

0 comments: