Friday, July 10, 2015

ကျွန်းစုမြို့နယ်သို့ နိုင်ငံတကာ ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး THE CARTER CENTER အဖွဲ့မှ မြို့နယ် ရွေးကောက်ဆိုင်ရာ လုပ်ငန်းများ လာရောက်လေ့လာ



ကျွန်းစုမြို့နယ်သို့ နိုင်ငံတကာ ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး THE CARTER CENTER အဖွဲ့မှ မြို့နယ် ရွေးကောက်ဆိုင်ရာ လုပ်ငန်းများ လာရောက်လေ့လာ

ကျွန်းစု ဇူလိုင် ၉ ရက်

ကျွန်းစုမြို့နယ်တွင် အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး အဖွဲ့အစည်း တခုဖြစ်သော THE CARTER CENTER အဖွဲ့မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ ဇူလိုင်လ (၉)ရက် နံနက်(၁၀)နာရီက လာရောက် လေ့လာခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လေ့လာရာတွင် THE CARTER CENTER အဖွဲ့မှ အီဂျစ် နိုင်ငံသား MR.MOHAMED AHMED MOHAMED FARAD နှင့် နီကာ ရာဂွာနိုင်ငံသူ MS.ROCHARAPPACCILI LUVY MARGARITA တို့ သည် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ အား တွေ့ဆုံ၍ ကျွန်းစု မြို့နယ် အတွင်း ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများ နှင့် ပတ်သက်၍ သိရှိလိုသည် များကို မေးမြန်းကာ အဆိုပါ အဖွဲ့မှ THE CARTER CENTER အဖွဲ့နှင့် ပတ်သက်သော လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

Ko Kyunthar

0 comments: