Wednesday, July 8, 2015

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေးသင်တန်းဖွင့်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေးသင်တန်းဖွင့် ....................................
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် ဇူလိုင် ၆ ရက် နံနက် ၈ နာရီက ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်း ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးဝင်းမြင့်၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်ထွန်း၊ ခရိုင် ဥပဒေအရာရှိ ဦးလှထွန်း၊ မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဦးလှိုင်ဘွား၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် အရန်မီးသတ်တပ်ခွဲမှူး ၁၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၆၀၊ စုစုပေါင်းအင်အား ၈၀ ခန့်တက်ရောက်ခဲ့သည်။

ခရိုင်ဥပဒေအရာရှိ ဦးလှထွန်းက ရွေးကောက်ပွဲ ကာလဖြစ်ပေါ်လာနိုင်သည့် ဥပဒေမဲ့ လုပ်ရပ်များ အပေါ် အရေးယူနိုင်သည့် လုပ်ထုံးလုပ်နည်းများ အကြောင်းအား လည်းကောင်း၊ မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးဝင်းမြင့် က ယခုနှစ်ကြိုတင် ဆောင်ရွက်မှုများအား လည်းကောင်း၊ မြိတ်ခရို်င်ရွေး ကောက်ပွဲ ကော်မရှင်အရာရှိ ဦးလှိုင်ဘွားက ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ရပ်ကွက် မဲစာရင်းများ၊ ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများ၊ မဲဆွယ်စည်းရုံးရေး ကာလများ၊ စည်းရုံးခြင်း ဥပဒေ အကြောင်း များ အား လည်းကောင်း အသီးသီး ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

ယင်းရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး သင်တန်းကို ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

Credit to – ကြေးမုံ ( Wednesday, July 8, 2015)

0 comments: