Thursday, July 16, 2015

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာ များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာ များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီ ရေတပ် စခန်းဌာနချုပ်မှ ဆေးမှူး ဦးစီး ဆေးကုသရေး ဆရာဝန်()ဦး နှင့် ဆေးတပ်သား ()ဦးပါ ဆေးကုသရေး အဖွဲ့သည်  --၂၀၁၅ ရက်နေ့နှင့်  --၂၀၁၅ ရက်နေ့ တို့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ တာရပိုင်း ကျွေးရွာနှင့် စလွန်အော်ငယ် ကျေးရွာများသို့ သွားရောက်၍ ကျန်းမာရေး ဆေးစစ်ပေးခြင်းနှင့် ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ တာရပိုင်း ကျေးရွာ၌ ကျား ၄၈ဦး၊   ၁၂၃ ဦး၊ စုစုပေါင်း ၁၇၁ ဦးတို့အား လည်းကောင်း၊ စလွန်အော်ငယ် ကျေးရွာ၌ ကျား ၂၅   ဦး၊   ၂၅  ဦး၊ စုစုပေါင်း  ၅၀    ဦးတို့အား လည်းကောင်း   စစ်ဆေး ကုသပေးခြင်းများ   ဆောင်ရွက်ပေး ခဲ့ပြီး ဆက်လက် ဆေးကုသရန် လိုအပ်သောသူ များအား လိုအပ်သော ဆေးဝါးများ ဖြည့်ဆည်းထောက်ပံ့ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ သည်။





ဇူလိုင် ၁၁ ရက်နေ့တွင် တာရပိုင်းကျေးရွာ၊ စလွန်အော်ငယ်ကျေးရွာနှင့် မိကျောင်းအော်ကျေးရွာ များမှ ဒေသခံပြည်သူ ၆၅ ဦးအား တနင်္သာရီရေတပ် စခန်းဌာနချုပ် မှ ဆေးကု သရေး အဖွဲ့က ကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။            

အဆိုပါဆေးကုသရေး အဖွဲ့သည် နောင်တွင် ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများသို့  သွားရောက်၍ အလားတူ ဆေးကုသမှု များအား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။     

0 comments: