Wednesday, July 8, 2015

ကျောက်တလုံးကျေးရွာ အုပ်စု အတွင်းရှိ မူလတန်းကျောင်းခွဲ(၄)ကျောင်းမှ ချို့တဲ့ကျောင်းသူ/သား များအား ထောက်ပံ

ကျောက်တလုံးကျေးရွာ အုပ်စု အတွင်းရှိ မူလတန်းကျောင်းခွဲ(၄)ကျောင်းမှ
ချို့တဲ့ကျောင်းသူ/သား များအား ထောက်ပံ


တနင်္သာရီ  ဇူလိုင်လ (၇) ရက်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပညာရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူသည် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ ဦးဟုန်စိုးနှင့် ၀န်ထမ်းများ၊ မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးမျိုးမျိုးနိုင်နှင့် ၀န်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင် ဦးစိုးရီ ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးတင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေး အဖွဲ့ဝင်များ၊  ကျောက်တလုံးကျေး ရွာအုပ်စုနှင့် ညောင်ပင်ကွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊  ကျန်းမာရေးမှူး ဦးကျော်ဆန်း နှင့်  ဘက်စုံသားဖွား ဆရာမများ လိုက်ပါလျက်  ဇူလိုင်လ(၇)ရက်  နံနက်(၁၁း၃၀)အချိန်မှစ၍  တနင်္သာရီမြို့နယ် ကျောက်တလုံး ကျေးရွာ အုပ်စု အတွင်းရှိ ဝေးလံခေါင်ပါး၍ ရေလမ်းကြောင်း တစ်ခုတည်းကိုသာ အားထား သွားလာနေရသော ကျောက်တလုံး ကျေးရွာ ၊ ကြိမ်ချောင်းဝကျေးရွာ ၊ ကျွဲခရံကျေးရွာနှင့် ဘုရားဝတ်ကျေးရွာ မူလတန်းကျောင်း(ခွဲ)တို့ရှိ ချို့တဲ့ကလေး ကျောင်းသူ/သား  (၁၀၁)ဦးတို့အား ကျောင်းလွယ်အိတ်၊ ဗလာစာအုပ် နှင့် ခဲတံတို့ကို တစ်ဦးချင်းစီ ထံသို့ ထောက်ပံ့ ပေးအပ်ခဲ့သည်။




ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ၄င်းမူလတန်း ကျောင်း(ခွဲ) တို့အား လေ၀င် လေထွက်ကောင်း စေရေး၊ သန့်ရှင်းမှု ရှိရေး၊ ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ အနံ့အသက် ကောင်းမွန်စေရေးတို့ အတွက် လက်ရှိ ၀ါးထရံ/ ယိုင်ကာ/ ဓနိဖက်မိုး ယာယီ အဆောက်အဦးအား ပြုပြင် ထိန်းသိမ်းနိုင်ရန် အတွက် ရည်ရွယ်လျက် မူလတန်းကျောင်း(ခွဲ) လေးကျောင်းအား တစ်ကျောင်းလျှင် ကျပ်(တစ်သိန်း)စီကို လည်းကောင်း၊ စေတနာအလျှောက် သင်ကြားပေးသည့် မူလတန်းကျောင်းခွဲ(၄) ကျောင်းများမှ လုပ်အားပေး ဆရာမလေးဦး တို့အား တစ်ဦးလျှင် အထူး ထောက်ပံ့ငွေ ကျပ် (၅၀၀၀၀/-)စီ ကိုလည်းကောင်း ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပညာရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဌနှင့် အဖွဲ့သည် ကျောက်တလုံးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် အရှင်ရေ၀တ နှင့် ၄င်းကျေးရွာများ အတွင်းမှ ကလေးသူငယ်များနှင့် အခြား နာမကျန်းဖြစ်နေသည့် ဒေသခံပြည်သူများ ကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုများ စစ်ဆေး ကုသပေးကြသဖြင့် ဒေသခံ ပြည်သူများက အထူး ကျေးဇူးတင်ရှိ လျက်ကြောင်း သိရသည်။
                           


0 comments: