Friday, November 23, 2012

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲ မြိတ်ခရိုင် ပုလောမြို့၌ ပြုလုပ်


(၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သည့် ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ပုလောမြို့သို့ သွားရောက်ပြီး ပုလောမြို့နယ် ပြည်သူ လူထုနှင့် (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်းများ တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာ (၂၂) ရက်နေ့ ည (၆) နာရီ အချိန်ခန့်တွင် ပုလောမြို့ အရှေ့ကျောင်းတိုက် ဆွမ်းစား ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ကိုမင်းလွင် (ပုလောသား) က (၈၈) ကျောင်းသား ခေါင်းဆောင်များနှင့် မိတ်ဆက်ပေး ပြီးနောက် ကိုပြုံးချို၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုမင်းကိုနိုင် တို့မှ ငြိမ်းချမ်းရေးနှင့်  ပွင့်လင်း လူ့အဖွဲ့အစည်း ကိစ္စရပ်များ ဆွေးနွေး ပြောကြားကာ အခမ်းအနား တက်ရောက်လာကြသော သူများက စာဖြင့် မေးမြန်းထားသော အကြောင်း အရာများအား ပြန်လည်ရှင်းလင်းကာ ည (၈) နာရီ အချိန် ခန့်တွင် တွေ့ဆုံပွဲ အခမ်းအနား ရုပ်သိမ်း လိုက်သည်။

နိုဝင်ဘာ (၂၃) ရက်နေ့ နံနက် (၅) နာရီ ခန့်အချိန်တွင် ရှပ်ပုံကျေးရွာသို့  သွားရောက်ပြီးနောက် စည်တော်အင်း ဆရာတော်အား ဖူးမြှော်ကာ နံနက်စာ သုံးဆောင်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး (၇) နာရီတွင် မြိတ်မြို့သို့  မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာကာ မြိတ်မြို့ လော့လော့ ကျေးရွာ၌ လူထု တွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့အတူ နိုဝင်ဘာလ (၂၃) ရက်နေ့ နေ့လည် (၁၂) ခွဲ အချိန်တွင် မြိတ်မြို့ ကန်ဖျားရပ် ကြံတောလမ်းရှိ ဦးစောဂျက် မင်္ဂလာခန်းမတွင် မြိတ်မြို့ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

 

0 comments: